http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မလေးရှားနိုင်ငံ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရှိရ

အသတ်ခံရသော မြန်မာအလုပ်သမား ကိုမိုးလွင်၏ နာရေးကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်
Monday, 17 June 2013
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ လူသတ်မှုသည် ဇွန် ၇ ရက်က မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား နယ်စပ်မြို့ ဖြစ်သော ဂျိုဟိုးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့သူ ကိုမိုးလွင် (အသက် ၃၂ နှစ်)ကို ဇွန် ၁၆ရက် နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့ခဲ့ပါသည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်အကျဉ်းမှာ ဇွန် ၇ ရက် ည ၇ နာရီအချိန်ခန့်က Classic Green Engineering တွင် အလုပ်လုပ်ကိုင်နေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကံရွာသားများ ဖြစ်သော ကိုမိုးလွင်နှင့် ကိုရန်အောင်တို့သည် Sungai Kapa (Desaru) အနီးတွင် ဖုန်းကတ်သွားဝယ်ပြီး အမည်မသိ လူတစ်ဦးနှင့် မိတ်ဖွဲ့ကာ အရက်သောက်ခဲ့ကြောင်း၊ ထို့နောက် ကိုရန်အောင်က မြန်မာနိုင်ငံသို့ ဖုန်းပြောရန် ဆိုင်အပြင်သို့ ထွက်သွားချိန်၌ နောက်တစ်ခွက် သောက်ပြီးမှ ပြန်ရန် အမည်မသိလူမှ ပြောသည်ဟု ကိုမိုးလွင်မှ လာပြောကြောင်း၊ ထို့ကြောင့် ဆိုင်အတွင်းသို့ ၀င်သွားပြီး ဧည့်သည်ငှဲ့ထားသော အရက်ခွက်ကို သောက်မိရာမှ ကိုရန်အောင်မှာ သတိလက်လွတ် ဖြစ်သွားကြောင်း၊ ဇွန် ၈ ရက် နံနက် ဝေလီဝေလင်း၌ ဦးခေါင်းတွင် ဒဏ်ရာတစ်ခု၊ လည်ပင်းတွင် ကုတ်ခြစ်ရာများဖြင့် သင်္ချိုင်းအနီးတွင် ကိုရန်အောင် သတိပြန်ရခဲ့ကြောင်း၊ ထို့နောက် အိမ်သို့ပြန်ခဲ့ပြီး ကိုမိုးလွင်အလာကို စောင့်နေခဲ့ကြောင်း၊ ဇွန် ၈ ရက် တစ်ရက်လုံး ပြန်မလာသဖြင့် ဇွန် ၉ ရက်တွင် အရက်အတူ သောက်ခဲ့သော ဆိုင်သို့ သွားရောက်စုံစမ်းပြီး ၎င်းသတိရရှိရာ သင်္ချိုင်းသို့ သွားကြည့်ရာ ကိုမိုးလွင်၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု ကိုရန်အောင်၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။

ထိုသို့ တွေ့ရှိပြီးနောက် ရဲအရာရှိများ လာရောက်စစ်ဆေးခဲ့ကာ ကိုမိုးလွင်သည် ဓားထိုးဒဏ်ရာ ဆယ်ချက်ခန့်ဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ရဲအရာရှိများက ကိုရန်အောင်ကို သက်သေအဖြစ် စစ်ဆေးခဲ့ရာမှ လက်ရှိအချိန်တွင် တရားခံဟု ယူဆရသူအဖြစ် ပြောင်းလဲစစ်ဆေးလျက် ရှိနေကြောင်း သိရသည်။

''အခုချိန်မှာတော့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ ပြည်နယ်ရဲချုပ်ရဲ့ပြောကြားချက်အရ ကိုမိုးဝေရဲ့လက်သည်းကို ဖြတ်ယူထားပြီး ကိုရန်အောင် ရရှိခဲ့တဲ့ ဒဏ်ရာက သွေးစကိုယူပြီး စစ်ဆေးနေပါတယ်။ တစ်လလောက်ကြာရင် ရလဒ်ထွက်မယ်လို့ သိရပါတယ်'' ဟု ဂျိုဟိုးနာ ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ဇေလွင်က ပြောကြားသည်။

ထို့အပြင် အဆိုပါလူသေမှု ဖြစ်စဉ်သည် ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။

ဂျိုဟိုးမြို့တွင် တရားဝင် မြန်မာအလုပ်သမား ငါးသောင်းကျော် ရှိနေပြီး နှစ်သောင်းခန့်မှာ မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။ ဂျိုဟိုးမြို့ရှိ စက်ရုံအများစုကို စင်ကာပူ လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားပြီး ဂျိုဟိုးမြို့၌ မည်သည့်ပြဿနာမှ မဖြစ်ဘဲ တည်ငြိမ်နေကြောင်း ဦးကျော်ဇေလွင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com