http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ လှုံ့ဆော်သူများကြောင့် လူစုလူဝေး ဖြစ်ပေါ်


06 June 2013
အထက (၃) ကျောင်းရှေ့တွင် ကောလာဟလ သတင်းကြောင့် စိုးရိမ်နေသည့် မိဘများက ကျောင်းသား ကျောင်းသူများအား လာရောက်ခေါ်ယူ နေသည်ကို ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ်

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က(၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဗမာနှင့် အစ္စလာမ် ခိုက်ရန်ဖြစ်ပွားနေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် ကျောင်းသားမိဘ ၂၅၀ ၀န်းကျင်ခန့်မှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်သုံးလေးစီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး အော်သွားတယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက်လာကြတယ် . . . . .


ယင်းကဲ့သို့ ရောက်ရှိလာသော လူစုလူဝေးအား တိုင်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ကာကွယ်တာဆီးရေး ကော်မတီ (မန္တလေး)မှ တာဝန်ရှိသူများ ရောက်ရှိလာကာ ကောလာဟလသာဖြစ်ပြီး လူစုလူဝေး မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့သည်။

"ဆိုင်ကယ်သုံးလေးစီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး အော်သွားတယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက်လာကြတယ်" ဟု ပဋိပက္ခ ကာကွယ်တာဆီးရေး ကော်မတီ (မန္တလေး) အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ နေရာ၌ လူစုလူဝေး ဖြစ်ပေါ်နေချိန်တွင် ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆လမ်းကြား စာသင်ကျောင်း အ၀င်လမ်းများတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခ ကာကွယ်တားဆီးရေး အဖွဲ့ဝင်များမှ ယာယီဖြတ်သန်း သွားလာခြင်း မပြုရန် မေတ္တာရပ်ခံခဲ့ကြပြီး ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် အ.ထ. က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား တစ်တန်းချင်းစီ ကျောင်းဆင်းပေးခဲ့ကြောင်း၊ အလားတူ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ. က(၂၆)နှင့် အ.ထ.က (၇) စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသား၊ ကျောင်းသူမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန်၊ ကျောင်းဆင်းပေးရန် ပြောဆိုမှုများ ရှိခဲ့သည်။

မွတ်ဆလင်များ စုဝေးနေသည်ဟု လည်းကောင်း၊ ဘုန်းကြီးများ စုဝေးနေသည်ဟု လည်းကောင်း၊ စာသင်ကျောင်းအချို့ မီးရှို့ခံရသည်ဟု လည်းကောင်း နံနက်ပိုင်းအချိန်မှ ညအစောပိုင်း အချိန်ထိ ကောလာဟလများ အမျိုးမျိုး ထွက်ပေါ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့ ကောလာဟလတွေ ဖြစ်တဲ့နောက်ကို လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။ မိတ္ထီလာ၊ လားရှိုးမြို့တွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း အခုလိုအချိန်မှာ ကောလာဟလတွေ အမျိုးမျိုး ထွက်နိုင်တာမို့ ပြည်သူတွေအားလုံးက ဒါဟာ တကယ်ဟုတ်မဟုတ် စမ်းစစ်ဖို့ လိုပါတယ်။ တကယ်လို့ အကြမ်းဖက်မှုမျိုး ဖြစ်ပွားနိုင်တဲ့ အခြေအနေမျိုး တွေ့ရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်တပ်ဖွဲ့နဲ့ ၁၉၉ ကို အကြောင်းကြား နိုင်ပါတယ်" ဟု ရဲမှူးဦးစိုးညိမ်း က ပြောကြားခဲ့သည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com