http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ အလုပ်သမားများ အသတ်ခံရမှု သတိထောက်လွှာ ပေးအပ်ပြီးနောက်ပိုင်း မလေးရဲများ အဖမ်းအဆီး ပိုကြမ်း

Thursday, 06 June 2013
ဇွန် ၄ ရက်က မြန်မာ့အသံတွင် မလေးရှား အစိုးရအား သတိထောက်လွှာ ပေးအပ်ကြောင်း ကြေညာခဲ့ပြီးနောက် ယနေ့ ဇွန် ၅ ရက်၊ မလေးစံတော်ချိန် ၁၀ နာရီအချိန်မှ စတင်ကာ မြန်မာအများစု နေထိုင်နေသည့် အမ်ပန်း၊ ချရတ်၊ ဆလာရန်း အစရှိသည့် နေရာများတွင် မလေးရဲများက အင်အားသုံး၍ မြန်မာအလုပ်သမားများအား လိုက်လံဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။

ထိုသို့ ဖမ်းဆီးခဲ့ခြင်းအပေါ် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းမင်းက "မလေး အစိုးရအနေနဲ့ တရားနည်းလမ်းတကျ မလုပ်ဘဲ အခုလိုလုပ်တာက မြန်မာအလုပ်သမားတွေကို သက်သက်ညစ်ပတ် လိုက်တာပဲ။ သူတို့က ကာကွယ်တာ မဟုတ်ဘဲနဲ့ အပူကိုအပူနဲ့ ငြှိမ်းနေသလိုပဲ" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် နေထိုင်နေသည့် ကိုမောင်မောင်ကလည်း "ဟုတ်ကဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ၊ ကေအယ်...ကို တာယာရာ မြန်မာဆိုင် တစ်ဝိုက်မှာ အဖမ်းအဆီး အရမ်းများပါတယ်။ မြန်မာမှန်ရင် ပါမစ်ရှိရှိ၊ မရှိရှိ ဖမ်းပါတယ်။ တချို့ မြန်မာဆိုင်တွေကို ဆိုင်ထဲအထိဝင်ပြီး အလုပ်သမားတွေကိုပါ ဖမ်းတယ်လို့လည်း ကြားရပါတယ်" ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့နောက် ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးက "ဒီနေ့ မနက်ပိုင်းလောက်မှာ မြန်မာဆိုင်တန်းတွေ ရှိတဲ့နေရာမှာ အော်ပရာစီနဲ့ လူတော်တော်များများ အဖမ်းခံရတယ်။ အရင်ကဆိုရင် လမ်းမှာ တွေ့တဲ့လူလောက်ပဲ ဖမ်းပေမယ့် ဒီနေ့ကတော့ ဆိုင်တွေထဲအထိပါ ၀င်ဖမ်းတာ၊ စားသောက်ဆိုင်မှာ စားသောက်နေသူ တွေကိုလည်း ဖမ်းတယ်၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေ သူတွေကိုလည်း ဖမ်းတယ်၊ ပတ်စပို့ရှိတဲ့ လူရော၊ မရှိတဲ့လူတွေရော အားလုံးကို ဖမ်းတယ်။ ဆေးရုံမှာရှိနေတဲ့ မြန်မာတွေကိုလည်း အတင်းဆင်းခိုင်းတယ်လို့ ကြားတယ်။ မလေးရှား အစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ခပ်ကြမ်းကြမ်း ပြုမှုဆက်ဆံနေတာကို မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ယူဖြေရှင်း ပေးစေချင်တယ်" ဟုပြောကြားသည်။

မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး တစ်ဦးကလည်း "ကေအယ်မှာ မြန်မာဆိုင်တန်းဆိုတာ မြန်မာတွေ အများအပြား နေကြတာလေ။ အဲဒီ့မှာ ဆိုင်တွေထဲအထိ ၀င်ပြီး မြန်မာလား၊ မြန်မာလားမေးပြီး မြန်မာဆို ဖမ်းတယ်၊ တရားဝင်နေတာ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖမ်းတယ်။ ကျွန်မတို့က စက်ရုံပြန်ပြီး စက်ရုံမှာနေတယ်။ ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည်" ဟု ဆိုသည်။

"မလေးရဲတွေ အခုလုပ်ပုံက ဘောင်ထဲက ညစ်တာပါ။ သူတို့အပြောက အားလုံးကို စစ်ဆေးတာ ဆိုပေမယ့် သူတို့အဓိက မဲတာ မြန်မာအလုပ်သမားတွေ ကိုပါ။ ကျွန်တော်တို့ အတွက်တော့ သူတို့လုပ်တာတွေကို မြင်ရကြားရပါများတော့ သိနေပြီ။ ကျန်တာမပြောနဲ့ မလေးရှားမှာ မြန်မာဘောလုံးအသင်း လာကစားပြီး မလေးရှားကိုနိုင်ရင် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာအလုပ်သမားတွေကို ဒုက္ခပေးဖို့ လုပ်နေကြပါ။ ကျွန်တော်တို့ မြန်မာအလုပ်သမား အများစုကလည်း Over Stay တွေ များတယ်ဆိုတာ သူတို့သိတယ်။ သူတို့ စိတ်ကူးတည့်တဲ့အချိန် ငွေညှစ်တာလောက်ပဲ လုပ်တာ။ အခုဟာကတော့ သက်သက်လုပ်တာ ပေါ်လွင်တယ်။ အားနည်းချက် ရှိတဲ့သူတွေ ခံရမှာပါ။ ဒါမျိုးတွေကြားရတာ စိတ်မကောင်းဘူး" ဟု ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။

ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည် . . . . .


မေ ၃၀ ရက်မှ စတင်၍ ဆလာရန်းမြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မွတ်စလင်များက အကြမ်းဖက်ခြင်းကြောင့် ယနေ့အထိ မြန်မာနိုင်ငံသားလေးဦး သေဆုံးသွားပြီဟု မလေးရှား မီဒီယာများက ဖော်ပြသည်။ အစောပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငြင်းဆိုခဲ့သော်လည်း ဇွန် ၄ ရက်က မြန်မာအစိုးရက မလေးရှား အစိုးရထံ မြန်မာလူမျိုးများ အကြမ်းဖက်ခံရမှုအပေါ် ဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေရန် သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။ မလေးရှားရောက် မြန်မာအများစုက ယနေ့ ဇွန် ၅ ရက်မှစတင်ပြီး မြန်မာများအား မလေးရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေပြီဟု အင်တာနက် လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ရှိသူများအား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံတမန်နည်းအရ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေပြည်တော်တွင် ဇွန် ၅ ရက်က ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားတွင် Eleven Media Group ၏ မေးမြန်းချက်အား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ သံအမတ်ကြီးကိုလည်း အချက်သုံးချက်ကို ခေါ်ယူသတိပေး ပြောကြားထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြား ထားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေး အင်အားတိုးမြှင့်ပြီး စောင့်ရှောက်ပေးဖို့ အကြောင်းကြားထားပါတယ်" ဟု ဇွန် ၅ ရက် ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com