http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

The Daily Eleven သတင်းစာအပါအ၀င် နာမည်ကြီး သတင်းမီဒီယာများ ပါဝင်သည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ရှစ်စောင် ထပ်မံထုတ်ဝေခွင့်ပြု

Created on Tuesday, 26 March 2013
Eleven Media Group မှ ထုတ်ဝေမည့် The Daily Eleven နေ့စဉ်သတင်းစာ အပါအ၀င် နာမည်ကြီး သတင်းမီဒီယာများမှ လျှောက်ထားသော သတင်းစာများ ပါဝင်သည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာ ရှစ်စောင်ကို ထပ်မံ ထုတ်ဝေခွင့် ပြုလိုက်ကြောင်း မတ်လ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

မတ်လ ၂၅ ရက်က ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး၌ စုစုပေါင်း လျှောက်ထားသည့် လျှောက်လွှာ ၁၁ စောင်အနက် ကိုးစောင်အတွက် ပြုလုပ်သော ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးမှ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာ လျှောက်ထားမှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ သတင်းစာ ရှစ်စောင်အား ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီ ထုတ်ဝေခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ထပ်မံထုတ်ဝေခွင့် ရရှိခဲ့သည့် သတင်းစာများမှာ The Daily Eleven (လျှောက်ထားသူ Eleven Media Group Co.,Ltd.)၊ စံတော်ချိန် (လျှောက်ထားသူ Three Friends Construction Co.,Ltd.)၊ ခေတ်သစ်နေ့စဉ် (လျှောက်ထားသူ ဒေါက်တာတင်ထွန်း)၊ ရန်ကုန်တိုင်း(မ်) (လျှောက်ထားသူ ဦးကိုကို)၊ မြန်မာဓိက (လျှောက်ထားသူ ဦးမြင့်သန်း)၊ ပြည်ထောင်စုအသံ (လျှောက်ထားသူ ဒေါ်ဝင်းကလျာဆွေ)၊ ၇ ရက်နေ့စဉ် (လျှောက်ထားသူ ဦးသောင်းစုငြိမ်း) တို့ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီအာဘော်ဖြစ်သည့် ဒီလှိုင်းစာစောင်ကို ထုတ်ဝေနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒီလှိုင်း သတင်းစာကိုလည်း ထုတ်ဝေခွင့် ပြုခဲ့သည်ကို တွေ့ရသည်။ ဒီလှိုင်းသတင်းစာ ထုတ်ဝေခွင့်အတွက် လျှောက်ထားသူမှာ ဒေါ်အောင်ဆန်းစုကြည်ဟု ဖော်ပြထားသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာ ထုတ်ဝေခွင့် လျှောက်လွှာများအား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်အထိ လျှောက်လွှာ ၁၇ စောင် အနက် ၁၄ စောင်အား စိစစ်ခဲ့ကာ လျှောက်လွှာ ရှစ်စောင်အား ယာယီ ထုတ်ဝေခွင့် ပြုခဲ့ပြီး The Daily Eleven သတင်းစာ အပါအ၀င် လျှောက်လွှာ ခြောက်စောင်အား လိုအပ်ချက်များ ရှိသည်ဟုဆိုကာ ချန်လှပ်ခဲ့သည်။

ထပ်မံ၍ မတ်လ ၂၂ ရက်နေ့အထိ ယခင်ချန်လှပ်ထားသည့် လျှောက်လွှာ ခြောက်စောင်မှ ပြင်ဆင် လျှောက်ထားခဲ့သည့် လျှောက်လွှာ သုံးစောင်၊ ယခင်စိစစ်ဆဲ လျှောက်လွှာ သုံးစောင်၊ ထပ်မံ လျှောက်ထားလာသည့် လျှောက်လွှာ ငါးစောင် စုစုပေါင်း လျှောက်လွှာ ၁၁ စောင်အနက် ကိုးစောင်အား စိစစ်ခဲ့ပြီး ယခုကဲ့သို့ ရှစ်စောင်အား ယာယီထုတ်ဝေခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် စိစစ်ဆဲ လျှောက်လွှာ သုံးစောင်နှင့် ထပ်မံ လျှောက်ထားလာမည့် လျှောက်လွှာများကို ဧပြီလအတွင်း ထပ်မံစိစစ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com