http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လိုင်းကား မတော်တဆမှုများကြောင့် မတ်လ ပထမလ၀က်အတွင်း လူသုံးဦးသေဆုံး

Thursday, 28 March 2013
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်များသည် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမလ၀က်အတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်းနှင့် အပြင်တွင် ယာဉ်တိုက်မှုနှစ်မှု၊ ယာဉ်တိမ်းမှောက်မှု တစ်မှု၊ ယာဉ်မတော်တဆမှုတစ်မှုတို့ ဖြစ်ပွားခဲ့ပြီး သေဆုံးသူသုံးဦး၊ဒဏ်ရာ ရရှိသူ ကိုးဦးရှိခဲ့ကြောင်း မထသ (ဗဟို)မှ စာရင်းအရ သိရသည်။

မထသ(မြို့တွင်း) စီမံမှုအောက်ရှိ ၂၁၁ အထူးယာဉ်လိုင်းမှ ယာဉ်သည် ယခုလ ၁ ရက်နေ့ နံနက်၂ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အနောက်ပိုင်းတက္ကသိုလ် သရက်ခြံဂိတ်တွင် ညအိပ်ရပ်နားထားစဉ်ဂိတ်ဖွင့်ရန် ယာဉ်နောက်လိုက်က မောင်းနှင်စဉ် ယာဉ်၏အောက်၌ အိပ်နေ သော ယာဉ်နောက်လိုက်အား နောက်ဘီး ဖြင့်ကြိတ်မိသဖြင့် သေဆုံးသွားခဲ့သည်။

ယခုလ ၂ ရက်နေ့ ည ၈ နာရီ အချိန် ခန့်တွင် သန်မြန်သူယာဉ်လိုင်း စီမံမှု အောက်ရှိ ၇၇ (အနီ)ဒိုင်နာယာဉ်သည် ဒဂုံအရှေ့ ၁၅၆ ရပ်ကွက်မှ တောင်ဒဂုံ ၁၀၆ ဂိတ်ရင်းသို့ ပြေးဆွဲစဉ် ပြည်ထောင်စုလမ်းမကြီး ဒဂုံတက္ကသိုလ် မုခ်ဦးရှေ့အရောက် ယာဉ်တစ်စီးအား ရှောင်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယာဉ် ပေါ်ပါ ခရီးသည် ကျားခြောက်ဦး၊ မ သုံးဦး၊ စုစုပေါင်းကိုးဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မြောက်ပိုင်းခရိုင် စီမံမှုအောက်ရှိ ၁၂၄ယာဉ်ကြီးလိုင်းမှ ယာဉ်သည် ဗိုလ်တထောင်မှ လှိုင်သာ ယာသို့ ပြန်စဉ် ကမ်းနားလမ်းမှတ်တိုင်အရောက် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား တိုက်မိပြီးလဲကျရာ ရှေ့ယာ ဘီးဖြင့် ကြိတ်မိသဖြင့် ယင်းအမျိုးသမီး သေဆုံးခဲ့သည်။

မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အရှေ့ပိုင်းခရိုင်စီမံမှု အောက်ရှိ 'ဃ' ကြို/ပို့ယာဉ်လိုင်းမှ ဘီအမ်ယာဉ်သည် တောင်ဒဂုံစက်မှုဇုန် မှ သင်္ဃန်းကျွန်းသို့မောင်းနှင်လာစဉ်
လေးထောင့်ကန်လမ်းမကြီး ပြည်ထောင်စု တံတားအဆင်း စံပြဈေးမီးပွိုင့်အရောက် ဘရိတ်ပေါက်ပြီး ရှေ့တွင်မီးနီ၍ ရပ်ထား သော အရှေ့ပိုင်းခရိုင် ၁၆၁ ယာဉ်လိုင်း မှ ဒိုင်နာယာဉ်နှင့် ကိုယ်ပိုင်တောင်းအေ့စ် ယာဉ်တို့အား တိုက်မိခဲ့သည်။

ယင်း ဖြစ်စဉ်ကြောင့် ဒိုင်နာယာဉ်၏ နောက်မှ တွယ်စီးလာသော အမျိုးသားတစ်ဦး ဦးခေါင်းတွင်ဒဏ်ရာရခဲ့သည်။

အဆိုပါ ဦးခေါင်းဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူစဉ် ည ၁၁ နာရီခွဲခန့်တွင်သေဆုံးသွားခဲ့သည်။

"ဒီတစ်လ ယာဉ်တိုက်မှု၊ ယာဉ်တိမ်း မှောက်မှု၊ ယာဉ်မတော်တဆမှုတွေရဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်တဲ့အခါ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်း မောင်းနှင်မှုနဲ့ ယာဉ်မောင်းခြင်း မကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ရတာကို တွေ့ရတယ်"ဟု မထသ(ဗဟို)၊ စည်းကမ်း ထိန်းသိမ်းရေးဌာနခွဲမှူးဦးကာကျော်က ပြောသည်။

"နောက်ဆုံးဖြစ်စဉ်ကတော့ ယာဉ်မောင်းဟာ ယာဉ်ကို မဆင်မခြင် မောင်းနှင်လာလို့ပဲ ဖြစ်ပါတယ်။ မီးပွိုင့်ကို မောင်းရင် အရှိန်လျှော့ပြီး မောင်းကို မောင်းရပါမယ်။ ဒါဟာစည်းကမ်းချက် တစ်ခုပါပဲ။ နောက်ပြီး ယာဉ်နောက်က နေတွယ်စီးတာဟာ အရမ်းကို အန္တရာယ်များပါတယ်"ဟု ၎င်းက ပြောသည်။

ခရီးသည်တင်ယာဉ်များ တစ်စီးနှင့် တစ်စီး စည်းကမ်းမဲ့စွာ အရှိန်ပြင်း ပြိုင်မောင်းနေမှုများအားမကြာခဏ ကြုံတွေ့နေရပြီး မထသ(ဗဟို)အနေဖြင့်လည်း ယင်းကဲ့သို့ စည်းကမ်းမဲ့ ပြိုင်မောင်းနေမှုများအား လျော့နည်းအောင် ကိုယ်ရကိုယ်ယူစနစ်ဖြင့် ၀င်ငွေခွဲဝေယူနေရသည့် စနစ်အစားလစာပေးစနစ် ဖြင့် ပုဂ္ဂလိကပိုင်ယာဉ်လိုင်းကုမ္ပဏီများမှ စတင်ကျင့်သုံးပြောင်းလဲစေလိုသည်ဟုမထသ(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။
သီဟတိုး
The Myanmar Times

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com