http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

စိတ်ချရသည့် အချိန်အထိ ရန်ကုန်တွင် ရဲလုံခြုံရေး တိုးမြှင့်ကင်းလှည့်မည်

ရန်ကုန်၊ မတ် ၂၆
ဆူပူအကြမ်းဖက်ဖြစ်စဉ်များ ရန်ကုန်တွင် မပေါ်ပေါက်စေရေးအတွက် ရဲယာဉ်တန်းများဖြင့် နေ့ညပတ်ကာ လုံခြုံရေးတိုးမြှင့်ရယူနေမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြုလုပ်လျက်ရှိသည်။မတ်လ ၂၅ ရက်နေ့ ည ၉ နာရီမှစ၍ ယာဉ် ၁၆ စီးဖြင့် ရဲ အင် အား ၂၁ဝ က မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး အနော်ရထာ လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်လမ်းတစ် လျှောက် အပါအဝင် အနောက်ပိုင်း ခရိုင်တစ်ခုလုံးအား နံနက် ၃ နာ ရီအထိ လုံခြုံရေးကို စတင် ဆောင် ရွက်နေကြောင်း အနောက်ပိုင်း ခရိုင် ဒုရဲမှူးကြီးက ဆိုသည်။

လုံခြုံရေး ရယူပေးမှုတွင် ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ အလုံ၊ ကြည့် မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်နှင့် ဒဂုံမြို့နယ် များပါဝင်ပြီး မတ်လ ၂၆ ရက်နေ့ နံနက် ၁၂နာရီမှစကာ နေ့ခင်းလုံ ခြုံရေးကိုပါ ရဲဝန်ထမ်း ၁၆၅ ဦးက ရဲယာဉ်တန်း ၁၆ စီးဖြင့်ထပ်မံ အင် အားတိုးမြင့်လိုက်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လုပ်ငန်း လမ်းညွှန်မှုအရ လက်နက်ခဲယမ်းနှင့် တုတ်၊ ဒိုင်းတို့ ဖြင့် အင်အားဖြည့်ထားကာ လုံခြုံမှု ရယူပေးနေကြောင်း ခရိုင် ဒုရဲမှူးကြီးက ထပ်လောင်းဆိုသည်။

ဒုတိုင်းဒေသကြီး ရဲမှူးကြီးက ''ဒီလိုမျိုးရန်ကုန်မှာ လုံခြုံရေး ရယူ ပေးနေမှုကို ဆက်လုပ်သွားမယ်။ စိတ်ချရတဲ့ အနေအထား ရောက် တဲ့အထိပဲ''ဟု ပြောသည်။ နေရာအချို့တို့တွင် ဆူပူမှု အချို့ ဖြစ်ပွားနေကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုရှိနေရာ ထိုသတင်းများအား ပြည်သူလူထု အနေဖြင့် အလွယ်တကူ မယုံကြည် သင့်ကြောင်း၊ နောက်ကွယ်မှ ကြိုး ကိုင်နေသူများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးကာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။

မတ် ၂၅ ရက် နေ့ခင်းတွင် ယုဇနပလာဇာ၌ နှစ်ရက်ဆက် အစိုးရရုံးပိတ်သဖြင့် ခရီးသွားလို သောဆိုင်အချို့က စောစီးစွာ ပိတ် သိမ်းသည်ကို အကြမ်းဖက်မှုဖြစ် လေဟန်သတင်းများထွက်လာသလိုမင်္ဂလာတောင်ညွန့်နှင့် တာမွေတို့ တွင်လည်း တစ်စုံတစ်ခု ဖြစ်လေ ဟန် သတင်းများထွက်ပေါ်ခဲ့သည့် အတွက် Popular News မှစုံစမ်းခဲ့ရာမည်သည့်ပြဿနာမှမဖြစ်ခဲ့ပေ။

မတ် ၂၆ ရက်တွင်လည်း Junction Square ၌ အကြမ်းဖက် မှုဖြစ်ပွားနေပြီဟု သတင်းများထွက် ပေါ်လာသဖြင့် Popular News မှ စုံစမ်းခဲ့ရာ Junction Square ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ အသေးစားဂက်စ်ဘားပွင့်ပြီး မီးလန့်ခြင်း သာဖြစ်သည်ကို တွေ့ရှိရသည်။

''ရန်ကုန်မှာ ဆူပူမှု လုံးဝ အဖြစ်မခံဘူး။ ဖြစ်လည်း မဖြစ်စေ ရပါဘူး။ ဒါ့ကြောင့် အချိန်နဲ့တစ် ပြေးညီဆောင်ရွက်နေတယ်။ လူထု လည်း ပူးပေါင်းပါဝင်ရပါမယ်။ ရဲ စခန်းတိုင်းကိုလည်း ထူးခြားဖြစ်စဉ် ကိုအချိန်တိုင်းသတင်းပို့ဖို့ လမ်း ညွှန်မှာကြားထားပြီးဖြစ်ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

တာမွေ၊ သာကေတ၊ ပုဇွန် တောင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) စသည့် ရန်ကုန်မြို့နယ် အချို့တို့ တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ည ၉ နာရီကျော်လျှင် ဆိုင် များဖွင့်လှစ်ရောင်းချခြင်း လုံးဝမပြု လုပ်ရန်တားမြစ်မှုကို မတ်လ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။ မတ်လ ၂၅ ရက်နေ့ညတွင် ရန်ကုန်မြို့လယ်၌ ည ၉ နာရီ ကျော်ကျော်တွင် လူအသွားအလာ နည်းသွားကာ တိတ်ဆိတ်သွားခဲ့သည်။ ည ၉ နာရီ ဆိုင်ပိတ်သိမ်း ခြင်း တစ်လခန့် ကြာမည်ဆိုပါက မကောင်းသေးသည့် စီးပွားရေးမှာ ပိုမို ထိခိုက်လာနိုင်ကြောင်း လှိုင်မြို့ နယ် ၂ ရပ်ကွက်မှ ထမင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ညပိုင်းဆွဲတက္ကစီယာဉ်မောင်း တစ်ဦးကလည်း ''ဒီလိုညမျိုး တစ် ပတ်လောက်ဖြစ်ရင် ကျွန်တော်တို့ ညသမားတွေ ငတ်မယ်''ဟု မတ် ၂၅ ရက်ည ၈ နာရီ ကျော်၌ လူ နှင့်ယာဉ်ကျဲပါးနေမှုအပေါ် အခြေခံ၍ပြောသည်။
P-News
Popular Myanmar News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com