March 27, 2013
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မြရိပ်အုပ်စုရေ ကြည်ပင်ကျေးရွာမှ ဒေါ်လှဌေး သည်မြန်မာယန်စီကလုပ်ငန်းခွင် တွင် မိုင်းခွဲမှုကြောင့် အုတ်ကန်ပြို လဲကာ ၎င်းင်းအပေါ်ပိကျခဲ့သဖြင့် ယာနားထင်ပေါက်ပြဲ၊ ဆီးခုံရိုးကျိုး ပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ယနေ့အချိန်ထိတက်ရောက်ကုသ နေရသော်လည်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ကျောက်မိုင်းခွဲခြင်းနှင့် မသက်ဆိုင် သလိုရရှိခဲ့သည့်ဒဏ်ရာမှာလဲ သာမန်ပွန်းပဲ့ဒဏ်ရာသာဖြစ်ကြောင်း ဖော်ပြခဲ့သဖြင့် ကာယကံရှင်ဖြစ် သူမှ ဖော်ပြချက်မှာ လုံးလုံးမှား ယွင်းကြောင်း မတ်လ ၂၃ ရက်နေ့ တွင်ံHot Newsဂျာနယ်သို့ထုတ် ဖော်ပြောဆိုခဲ့သည်။
မိုင်းဒဏ်ကြောင့် အုတ်ရေ ကန်ပြိုကျပြီး မိမိကာဆီးခုံရိုးကျိုး ခဲ့သည့်ဒေါ်လှဌေးက “စုံစမ်းစစ် ဆေးရေးအပြီးသတ်အစီရင်ခံစာမှာ အုတ်ရေကန်ပြိုကျပြီး ထိခိုက်ဒဏ် ရာရခဲ့တာဟာ မြန်မာယန်စီက မိုင်းခွဲတဲ့ဒဏ်ကြောင့် မဟုတ်ဘူး လို့ဖော်ပြခဲ့ပါတယ်။ တကယ်တမ်း တော့ အဲဒီနေ့က (ဖေဖော်ဝါရီ ၂) ကျွန်မရေကန်နားအရောက်မှာ မြန်မာယန်စီက ကျောက်မိုင်းခွဲ တော့ ၀ုန်းဆိုပြီး ရေကန်ပြိုကျပြီး ကျွန်မအပေါ်ကို ပိသွားတာ။ ကျွန်မလည်း သတိလစ်ပြီး မုံရွာ ဆေးရုံကို ရောက်သွားရတာ။ ကျွန်မကို ပိတဲ့အုတ်ရေကန် ဆောက်လုပ်ထားတာအတော့ကို ကြာပါပြီ။ ကော်မရှင်က ဦးတင်ညွန့်ဦးဆောင်တဲ့ အဖွဲ့ ကျွန်မကို လာတွေ့တုန်းက ကျွန်မကို ကုပေးတဲ့ ဆရာဝန် ဒေါက်တာလှဘုန်းက ပြောပါ တယ်။ ကျွန်မအပေါ်ကို ရေကန် ပိကျတုန်းက နားထင်ပေါက်ပြဲ ဆီးခုံရိုးကျိုးသွားတယ်လို့ပြောပါ တယ်။ တကယ်တမ်းစုံစမ်းစစ်ဆေး ရေးကော်မရှင်က အဖြေထွက်လာ တော့သာမန်ပွန်းတဲ့ ဒဏ်ရာသာ ရခဲ့တယ်ဆိုပြီး ကျွန်မအကြောင်း ကို ဖော်ပြခဲ့ပါတယ်”ဟု ၄၂ ရက် ကြာဆေးရုံတက်ရောက်ကုသနေ ရသည့်ဒေါ်လှဌေးကပြောပြခဲ့သည်။
အဆိုပါဒေါ်လှဌေးအား တာဝန်ယူကုသပေးနေသည့်ဆရာ ၀န်တစ်ဦးဖြစ်သူဒေါက်တာလှဘုန်း(MBBS (MDY) MEDSCSURGERY) မုံရွာ ပြည်သူ့ဆေး ရုံကြီးအား ဒေါ်လှဌေးနှင့် ပတ်သက် ပြီး ကျန်းမာရေးအခြေအနေကို မေးမြန်းရန်အတွက် အကြိမ်ကြိမ် တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း မရရှိခဲ့ပေ။ ဒေါက်တာလှဘုန်း၏ ဖုန်းနံပါတ် ၀၉-၂၀၀၁၀၇ အား အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖြေဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။
မျိုးမြင့်
The Hot News
ဆီးခုံရိုးကျိုးပြီးဆေးရုံကမဆင်းရသေးသူ ဒေါ်လှဌေးက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖော်ပြချက်နှင့်ပတ်သက်ပြီးတရားဝင်ငြင်းဆို
Labels:
ကျန်းမာရေး