March 27, 2013
နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ဒေါက်တာဇော်မင်း၊ ကိုအောင်ကြီး၊ ကိုစိုးမိုးထွန်း၊ ကိုငြိမ်းချမ်း၊ ကိုယု ကိုနိုင်လင်းထွန်းတို့သည် မတ်လ ၂၄ ရက် ည ၈ နာရီတွင် ရန်ကုန် မြို့မှ မော်တော်ယာဉ်ဖြင့် မိတီ်္ထလာ မြို့ဒုက္ခသည်စခန်းများသို့ထွက်ခွာခဲ့သည်။
မိတ်္ထီလာမြို့ပဋိပက္ခတွင် ဘေးဒုက္ခသင့်သူ ၉၀၀၀ ကျော်ကို လူသားခြင်းစာနာထောက်ထား မူအရ လိုအပ်သောအကူညီများ ပေးအပ်ရန်သွားရောက်ကြခြင်းဖြစ် ကြသည်။ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ချုပ်သည်။ မတ် လ ၂၅ ရက် နံနက်ပိုင်းတွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်လည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနညွှန်ကြားရေး မှူးဦးသန်းထွဋ်ဆွေနှင့်လည်းကောင်း တွေ့ဆုံပြီးဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရေးဆိုင်ရာ များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် တစ်ပါတည်းပါလာသော ထောက်ပံရေးအကူညီများကို လွှဲအပ်ပေးခဲ့သည်နေ့လယ်ပိုင်းတွင် ဒုက္ခသည်စခန်းများကိုသွားရောက် ကြည့်ရှုအားပေးကြပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာခဲ့ ကြပါသည်။
ဥယျာဉ်မှူး
The Hot News
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မတ္ထီလာဒုက္ခသည်များအားသွားရောက်လှူဒါန်း
Labels:
ပြည်တွင်းသတင်း