http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာဒုက္ခသည်များအရေး အမေရိကန်အစိုးရ ဒေါ်လာတစ်သိန်းထောက်ပံ့မည်

ရန်ကုန်၊ မတ် ၂၆
မိတ္ထီလာမြို့နယ်နှင့် အနီးဒေသ များတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့် ဒဏ်ခံရသည့် ဒုက္ခသည်များအတွက် အမေရိကန်အစိုးရက ဒေါ်လာတစ်သိန်း ထောက်ပံ့ လှူဒါန်းမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ထုတ်ပြန်လိုက်သည်။

မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသောဒုက္ခသည် တစ်သောင်းခန့်ရှိနေရာအရေးပေါ်ကယ်ဆယ်ရေး အတွက်အမေရိကန်အစိုးရက ကန် ဒေါ်လာတစ်သိန်း ထောက်ပံ့မည်ဟု ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များအတွက်စောင်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ်အိပ်ရာခင်းများအပြင် နေရပ်စွန့်ခွာနေရသူများအတွက် သန့်ရှင်းသော ရေနှင့် ကျန်းမာရေး အထောက်အပံ့ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြုသွားမည် ဟု သိရသည်။

''အစိုးရအနေနဲ့ အခြေအနေ တွေ ပြန်လည်တည်ငြိမ်ဖို့၊ အပြစ် ရှိတဲ့သူတွေကိုဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည်တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိကဝတ်ပြု တာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ ဒဲရစ်မစ်ချယ်လ်က ဆူပူအကြမ်းဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသများသို့ ပျံ့နှံ့ မသွားစေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နား လည်မှုနှင့်ယုံကြည်မှု တည်ဆောက် ရေးအတွက်ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံသားများက တစ်စည်းတစ်ရုံးတည်း လုပ်ဆောင်နေခြင်းကို အားပေးထောက်ခံ သည်ဟုဆိုသည်။

ထို့အပြင် အမေရိကန်သံရုံး အနေဖြင့်ဆွေးနွေးမှုများ၊ အပြန်အလှန်နားလည်မှုနှင့် လေးစားချစ်ခင်မှု တည်ဆောက်ရေးများအတွက် ဆက်လက်ထောက်ပံ့မှု ပြုသွားမည်ဟုဆိုထားသည်။
PN-051

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com