http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လျှပ်စစ်မီးရရှိရေးကော်မတီ ဥက္ကဋ္ဌ နှင့် ရွာသားများ အပြန်အလှန် တရားဆွဲ

Sunday, March 31, 2013
ပြည်ခရိုင်၊ ၀က်ထီးကန်မြို့နယ်၊ လွှစင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် လွန်ခဲ့သော (၆)နှစ်ခန့် က ငွေကျပ်သိန်း(၄၆၀) ကောက်ခံခဲ့ပြီး မီးတိုင်(၅၀) နှင့် ထရန်စဖော်မာ တစ်လုံးသာ တပ်ဆင်ပြီးစီးခဲ့မှုအပေါ် မကျေနပ်၍ တာဝန်ရှိသူများသို့ အဆင့်ဆင့်တိုင်ကြားရာမှ အပြန်အလှန်တရား ဆွဲမှုပေါ်ပေါက်ခဲ့ကြောင်း ကျေးရွာသူကျေးရွာသားများက ပြောကြားသည်။

“ရပ်ကွက်ရုံးမှာ လမ်းလျှောက်ကြေး (တရားဝင်ပြေစာ မရဘဲ ပေးရသည့်ငွေ) ကျပ် သိန်း(၂၁၀)ကုန်ကျတယ် လို့ ကြေငြာထားတယ်။ ကျွန် တော်တို့ပေးတုန်းက လာဘ်ငွေပေးရမယ်လို့မပြောထားဘူး။ ဘယ်သူ့ကိုပေးရတာလဲ။ ဘာလို့ပေးရတာလဲ။ ဒါကို မကျေနပ်လို့ တိုင်တာပါ” ဟု လွှစင်ကုန်းကျေးရွာမှ ဦးမြင့်ဝေက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်အတွက် ကျေးရွာသူ ကျေးရွာသား (၅၅)ဦး လက်မှတ်ထိုး တိုင်ကြားခဲ့ခြင်းကြောင့် နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးကြီး မြင့်ဦး လာရောက်စစ်ဆေးပြီး အဖြေမထွက်မီ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ဦးဆောင်တိုင်ကြားသူ ငါးဦးကို ပုဒ်မ၂၁၁ဖြင့် တရားစွဲလိုက်ကြောင်း၊ မိမိတို့ မှလည်းပြည်သူတို့၏ ယုံကြည်စွာအပ်နှံငွေ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့် တရားပြန်ဆွဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွှစင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးအေးစိုးက “ကျွန်တော်ကို ပုဂ္ဂိုလ်ရေးအရ တိုင်တာပါ။ အမှန်တိုင်မယ်ဆို မီးလင်းရေးအဖွဲ့ တစ်ခုလုံးကို တိုင်ရမယ်လေ။ ဒီကိစ္စ ဗောဓိကျောင်း ဆရာတော်ကိုယ်တိုင် စီမံခန့်ခွဲပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်တာ။ အစည်းအဝေး ဆုံးဖြတ် ချက်တွေ ကျွန်တော်ဆီမှာ ရှိတယ်”ဟု  ပြောကြားသည်။

ကျေးရွာမီးလင်းရေး ကော်မတီကို (၂၀၀၇) ခုနှစ်က ယခင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမှ ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအချိန်က မိမိမှာ ရာအိမ်စုမှူး အဆင့်သာ ရှိပြီး မီးလင်းရေး ဥက္ကဌတာဝန်ကို ယူရကြောင်း၊ ဗောဓိကျောင်းဆရာတော်မှာ ဘဏ္ဏာထိန်းအဖြစ် တာဝန်ယူပြီး ယခုတိုင်ကြားသူ အုပ်စု န၀င်းကွက်သစ်ဦးပိုင် ငွေကောက်ခံသူဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလက ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ကျော်လင်း လာရောက်စဉ် လျှပ်စစ်မီး ရရှိရန်အတွက် ငွေကျပ်သိန်း (၁၃၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ကုမ္ပဏီများနှင့် ဆက်သွယ်ပေးမည်ဟု ပြောခဲ့ကြောင်း လွှစင်ကုန်းကျေးရွာမှ ဦးဇော်ဦးက ပြောကြားသည်။

ဝက်ထီးကန်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သာ အေးမြသာယာ၊ အရှေ့ပုပ္ပါး၊ ဆီဆုန်ကုန်းကြီး၊ န၀င်းကွက်သစ်၊ လက်ပံချိုကျေးရွာ တို့မှာ လည်း လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com