http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တင်းမာမှုများ ရှိခဲ့သော်လည်း မစ္စတာကယ်ရီနှင့် အာဖဂန် သမ္မတတို့ တွေ့ဆုံရာတွင် ပြေလည်သည့်သဘောဆောင်

ကဘူးလ်၊ မတ်၂၅။
အကျဉ်းသားများ လွှဲပြောင်းပေးရေး၊ အမေရိကန်-တာလီဘန်အရေးတွင် အာဖဂန်ထင်မြင်ချက် ပေးခဲ့မှုများကြောင့် ရက်သတ္တပတ် များစွာ နှစ်နိုင်ငံ တင်းမာမှုများရှိနေခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အာဖဂန်သမ္မတတို့ တနင်္လာနေ့က တွေ့ဆုံပွဲသည် ပြေလည်သည့် သဘောဆောင်နေသည်။

မစ္စတာကယ်ရီသည် အာဖဂန်နိုင်ငံတွင်းမှ နိုင်ငံခြားတပ် အများစု ၂၀၁၄ခုနှစ်အကုန်တွင် အပြီးမထွက်ခွာမီ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်း ရန်၊ လုံခြုံရေးတာဝန်ယူမှုအပိုင်းကို အာဖဂန်တပ်ဖွဲ့သို့လွှဲပြောင်းရန်၊ အာဖဂန်နိုင်ငံ၏၂၀၁၄ ရွေးကောက်ပွဲ စသည့်ကိစ္စများ အပါအဝင် ကိစ္စအများအပြားကို အာဖဂန်သမ္မတနှင့် ဆွေးနွေးရန် တင်ကြိုမထုတ်ပြန်သည့် ရက်တိုခရီးအဖြစ် အာဖဂန်သို့လာခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

နှစ်ဦးချင်း နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ယခုလအစောပိုင်းက သမ္မတကာဇိုင်းက တာလီဘန်တို့သည်အမေရိကန်တို့ အကျိုးများရန် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များကိုပြောဆိုခဲ့ရာနေရာတွင်၎င်းတို့နှစ်ဦးသည် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

သမ္မတအာမက်ကာဇိုင်းက အမေရိကန်နှင့် တာလီဘန်တို့သည် မရိုးသားသောအကြံအစည်များ ရှိနေသည် ဟုထင်မြင်ချက်များပေးခဲ့ကြောင်း သတင်းများရေးခဲ့ကြောင်း သိရသည်။

သို့သော်အာဖဂန်သမ္မတသည် ကဘူးလ်သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ၎င်းအဆိုကိုငြင်းပယ်ခဲ့သည်။

“တာလီဘန်နဲ့ အမေရိကန်တို့ကြားက မရိုးသားတဲ့ အကြံအစည်ဆိုတဲ့ စကားလုံးကို ကျွန်တော်ဘယ်တုန်းကမှ မသုံးခဲ့ပါဘူး။ ဒါဟာ ကျွန် တော်မပြောခဲ့တဲ့ စကားတွေပါ။ မီဒီယာတွေဆီကထွက်လာတဲ့စကားပါ” ဟု ပြောကြားသည်။

မစ္စတာဂျွန်ကယ်ရီက “အမေရိကန်ဟာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ရည်ရွယ်ချက်အပြင် တခြားရည်ရွယ်ချက်တွေ မရှိ ဘူးလို့ အာဖဂန်သမ္မတ အကြွင်းမဲ့
ယုံကြည်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အာဖဂန်နစ္စတန်သို့ ပထမဆုးံခရီးစဉ်အဖြစ် ရောက်ရှိစဉ် ကဘူးလ်မြောက်ဘက်ရှိ ဘဂရမ် စစ်တပ်ဌာနချုပ်အနီးရှိ အမေရိကန်တို့ သိမ်းယူထားသည့် အာဖဂန်နစ္စတန်၏ အကြီးဆုံးအကျဉ်းစခန်းအား မကြာမီက ပြန်လည်လွှဲပြောင်းပေး မှုကို ထည့်သွင်းပြောကြား သွားခဲ့သည်။

သိမ်းပိုက်ထားသည့်အကျဉ်းစခန်းနှင့် ၎င်းထဲရှိအကျဉ်းသားများကို အာဖဂန်အစိုးရထံ ပြန်လည်လွှဲအပ်ခြင်းကို တနင်္လာနေ့အခမ်းအနား တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

၎င်းအကျဉ်းထောင်ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အမေရိကန်တို့က ညွန့်ပေါင်းအဖွဲ့အန္တရယ်ကျရောက်မည်ကိုစိုးရိမ်၍ ယမန်နှစ်ကတည်း က ကြိမ်ဖန်များစွာ နှောင့်နှေးထားခဲ့ကြောင်း သိရသည်။

“ဒီကနေ့မှာတော့ ကျွန်တော်တို့ဆီမှာ အကျဉ်းသားတွေ မရှိတော့ပါဘူး။ ဒီနေရာမှာ လက်ရှိဖြစ်နေတာတွေဟာ အာဖဂန်ပြည်သူတွေရဲ့ လက် ထဲမှာဖြစ်သွားပါပြီ” ဟု မစ္စတာကယ်ရီက ပြောကြားခဲ့သည်။

တနင်္လာနေ့မတိုင်မီက ဘဂရမ်အကျဉ်းထောင်ဦးစီးမှူးဖြစ်သူဂူလမ် ဖရူး ဘရာခ်ဇိုင်းက အမေရိကန်တို့၏ ထိန်းသိမ်းခံနေရသူများ ကျန်ရှိနေ သေးကြောင်း နောက်တစ်ပတ်အကုန်တွင် အကုန်ပြန်လက်လွှဲရန်မျှော်လင့်သည် ဟုဆိုခဲ့ကြောင်းသိရသည်။

သမ္မတကာဇိုင်းက အမေရိကန်တို့သည် အလွန်အန္တရယ်ကြီးသော အကျဉ်းသားများအဖြစ် သတ်မှတ်ထားသည့်သူများအကြောင်းကို အသိ ပေးပြီး အကုန်အစင်မလွှတ်မီ အကြံဥာဏ်တောင်းခံရန် သဘောတူညီချက် ရပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်ဦးစီးချုပ်နှင့် အာဖဂန်ကာကွယ်ရေးဝန်ကြီးတို့နောက်ဆုံးသုံးသပ်ချက် အမြင်များ မဖလှယ်မီ အာဖဂန်အစိုးရ ဘုတ်အဖွဲ့က လည်း အကျဉ်းသားများ၏ အချက်အလက်များကိုကြည့်၍ ၎င်းတို့ထဲမှ လွှတ်ရန်သင့်တော်သော လူများကို ရွေးချယ် မည်ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန်သမ္မတသည် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရေး၊ တာလီဘန် များနှင့် စေ့စပ်ဆွေးနွေးရန် ရုံးခန်းတစ်ခု ဖွင့်လှစ်ရေးအတွက်ကာတာသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မစ္စတာကယ်ရီက ဆက်လက်၍ အမေရိကန်နိုင်ငံသည် တာလီဘန်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပိုမိုကျယ်ပြန့်သည့်နိုင်ငံရေးကိစ္စများတွင် ပါဝင်ရန် တောင်းဆိုလိုက်ပြီး ၎င်းတို့ဝင်မပါပါက အမေရိကန်သမ္မတအိုဘားမားက အမေရိကန်တပ်များအာဖဂန်နိုင်ငံမှ ၂၀၁၄တွင် ထွက်ခွာမည် ဆိုသော်လည်း ကျန်ခဲ့မည့်တပ်အရေအတွက်ကို မထုတ်ပြန်ရသေးကြောင်း အနည်းငယ် ခြိမ်းခြောက်သည့်လေသံဖြင့်ပြောကြားခဲ့သည်။
Ref:Reuters
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com