ရန်ကုန်၊ မတ် ၂၆။
မတ်လ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီမှ စတင်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ နိုင်ငံရေးပါတီ ၂၉ ပါတီနှင့်တွေ့ဆုံရာတွင် သတင်းမီဒီယာများအားဖိတ်ကြားထားခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ဂိပ်ပေါက်ဝ (၄)၌ စောင့်ဆိုင်းနေရကြောင်း သိရသည်။
"သတင်းသမားတွေက သတင်းကြားရင်တော့ သတင်းရှိတဲ့နေရာကို လာမှာပဲ။ အစိုးရအဖွဲ့အနေနဲ့ သေသေချာချာ သတင်းထုတ်ပြန်ရင်လည်း တစ်မျိုးပေါ့။ အခုက သူတို့ချည်း အစည်းအဝေးလုပ်တာဆိုတော့ ပြီးသွားရင် သတင်းစာရှင်းလင်းပွဲလုပ်မယ်ထင်တယ်"ဟု အဆိုပါပွဲသို့ သတင်းလာယူသည့် သတင်းသမားတစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲသို့ လာရောက်၍ သတင်းယူသူဦးရေ ၁၅ဦးခန့်ရှိပြီးယခုကဲ့သို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံခြင်း၏ အဓိကအကြောင်းအရင်းမှာ လက်ရှိ ရန်ကုန်မြို့၌ ပေါ်ထွက် လျက်ရှိသည့် ပြည်သူများအထိတ်တလန့်ဖြစ်နေရသည့် ကောလဟာလသတင်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
TMA
The Myanma Age
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှု မီဒီယာများအား ဖိတ်ကြားခြင်း မရှိ
Labels:
ပြည်တွင်းသတင်း