http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် ကားတင်သွင်းမှုတွင်ပါဝင်ပတ်သက်သော အကောက်ခွန် အေဂျင်စီများ၏ လုပ်ကိုင်ခွင့်မှတ်ပုံတင်အား အမည်ပျက်စာရင်းသွင်းမည်

Tuesday, 26 March 2013
ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် ကားတင်သွင်းမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အကောက်ခွန် အေဂျင်စီများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်များ ပိတ်သိမ်းခဲ့ပြီးအဆိုပါ အေဂျင်စီများမှ အေးဂျင့်များကိုလည်း အမည်ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ထိုသို့ ပါဝင်ပတ်သက်ခဲ့သည့် အကောက်ခွန်ဝန်ထမ်းများကိုလည်း ဝန်ထမ်း စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် မယူမနေရ အငြိမ်းစားပေးသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ယင်းကိစ္စတွင် ဆက်နွှယ်ပတ်သက်ခဲ့သည့် အကောက်ခွန် အေဂျင်စီများကိုလည်း ပင်လယ်အကောက်ခွန် အက်ဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ကို ပိတ်သိမ်းကာ ၎င်းတို့ ပေးသွင်းထားသည့် အာမခံစာရင်းရှင် အပ်ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း  သိရသည်။

လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင် ပိတ်သိမ်းခံရသည့် အကောက်ခွန်အေဂျင်စီများမှာ On Time Authorized Agency, Cherry Customs Clearing Agency, Gread One Import & Export Agency, Safe Mover Import & Export Agency, Alliance Freight Forwarding Agency တို့ဖြစ်ပြီး လုပ်ငန်းပိတ်သိမ်းခံရသော အေဂျင်စီများမှအဖွဲ့ဝင် များကို အကောက်ခွန်အေးဂျင့်အဖြစ် အသိအမှတ်ပြုခြင်းမှပယ်ဖျက်သွား မည်ဖြစ်ကြောင်း၊ အမည်ပျက်စာရင်း သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် ပါဝင်ပတ်သက်နေသည့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းအချို့ကို အရေးယူခဲ့ကြောင်းနှင့် အရေးယူခံရသည့် အကောက်ခွန် ဝန်ထမ်း ၁၆ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦး၊ ဦးစီးအရာရှိ နှစ်ဦးနှင့် အမှုထမ်း ၁၂ ဦး ပါဝင်ပြီး ၎င်းတို့ကို မယူမနေရ အငြိမ်းစားပေးသည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com