http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာများ အရည်အသွေးပြည့်မီခြင်း မရှိ

Tuesday, 26 March 2013
ပြည်တွင်း ဈေးကွက်အတွင်းသို့ တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာများ အရည်အသွေးပြည့်မီခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိချက်အား
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

''ဈေးကွက်အတွင်းကို တင်သွင်းလာတဲ့ ဓါတ်မြေသြဇာတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ပြည့်မီခြင်းမရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိထားပါတယ်။ အများအားဖြင့်တော့ တရုတ်၊ထိုင်းနဲ့ မလေးရှားနိုင်ငံက တင်သွင်းကြတာဆိုတာလည်း သိရပါတယ်''ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း၊ ဥက္ကဌဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများ စစ်ဆေးခြင်းကို မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ဓါတ်မြေသြဇာ တင် သွင်းရောင်းချသူများ အသင်းတို့ရှိ ဓါတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ ဝယ်ယူသုံးစွဲမှုများသည့် ဓါတ်မြေသြဇာ ၁၅မျိုး၊ ပိုးသတ်ဆေး ၁ဝမျိုးတို့ကို ၂ဝ၁၃ခု နှစ်၊ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက စမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ရာ ပိုးသတ်ဆေး ၈မျိုးကိုသာ ပြည်တွင်း၌ စစ်ဆေးနိုင်ခဲ့ပြီး ကျန်နှစ်မျိုးကိုမူ ထိုင်းနိုင်ငံတွင် စစ်ဆေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဓါတ်မြေသြဇာ(၁၅) မျိုးမှာ (၁)Three Circle,GTSP၊ (၂)Panda(တရုတ်တံဆိပ်)၊(၃) Golden Crop ၊(၄) Compound Fertilizer ၊(၅) Comet Natural Calcium Sulphate ၊(၆)Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)၊(၇)အာမို (၂)(ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊ (၈)Hyper Bloom ၊(၉) Grow More ၊(၁ဝ)Mamigro(Soluable Folian) ၊ (၁၁) Comet Plus  (ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊အဝါရောင်)၊ (၁၂)Super N ၊(၁၃)SUNRAY(ဇီဝအော်ဂဲနစ် ကွန်ပေါင်း ဓါတ်မြေသြဇာ၊(၁၄) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ် ဓါတ်မြေသြဇာအမှုန့်)၊
(၁၅)Hrea ပုလဲတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com