လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ တရားစွဲဆိုခံရ
Friday, March 15, 2013
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအလိုမ ရှိကြောင်း ရန်ကုန်တွင် ဆန္ဒ ထုတ်ဖော်ပြခဲ့သော ဦးဆောင် ဆန္ဒပြသူအချို့ကို မြို့နယ် ၃ မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း ဦးဆောင်ဆန္ဒပြသူ ကိုလှိုင်မင်းဦးက ပြောကြားသည်။
အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင် ဆန္ဒပြခဲ့သော လက်ပံတောင်း အရေးနှင့် လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူ မနော်အုန်းလှ အပါအဝင် ကိုလှိုင်မင်းဦးနှင့် အခြားပုဂ္ဂိုလ်များကိုလည်း မရမ်းကုန်း မြို့နယ်၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ အမှုဖွင့် အရေးယူ ထားကြောင်း ကိုလှိုင်မင်းဦးထံမှ သိရသည်။
“ဒီလို နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြတာကို အရေးယူတဲ့ ကိစ္စကတော့ ဒီမိုကရေစီမှာ မဖြစ်သင့်ဘူး” ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။
၎င်းတို့အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော် မရှင်၏ အစီရင်ခံကို ကန့်ကွက်ကြောင်း ကြေညာချက်ကို ယမန်နေ့က ထုတ် ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင်လည်း သက် ဆိုင်ရာအာဏာပိုင်များမှလက်ပံတောင်း
တောင် သပိတ်စခန်း များအား အကြမ်းဖက်ခဲ့သည် တရားခံကို အရေးယူ မပေးသည့် အပြင် ဆန္ဒပြသူများကို တရားစွဲဆိုသဖြင့် အဆိုပါ ကိစ္စရပ်များကို ထပ်မံဆန္ဒပြသွားမည် ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ဆန္ဒပြသူများအား ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူထား ကြောင်းကို "သက် ဆိုင်ရာမှာ စာမတင်တဲ့အတွက် ဥပဒေအရ နေ့ချင်းကို အရေးယူမှာပါ" ဟုမရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကံဝင်းက ပြောကြားသည်။
လက်ရှိ အခြေအနေတွင် ၎င်းတို့အား အရေးယူထားမှုနှင့် ဆက်လျဉ်းပြီး “ကျွန်တော်တို့က နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြတာ ဒါကိုသက် ဆိုင် ရာက အရေးယူမယ်ဆိုလည်း အရေးယူပါ။ ကျွန်တော်တို့က ပြည်သူတွေ ဆန္ဒ မရပ်မချင်း ဆန္ဒပြ သွားမှာပါ” ဟုပြောကြားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်ရှိပြီးနောက် လုပ်ဆောင်ရန် လုပ်ငန်းကော်မတီကို အစိုးရအဖွဲ့မှ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီတွင် တရုတ်ကုမ္ပဏီက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဒေသခံ ကိုယ်စားလှယ် မပါဝင်ခြင်းကိုလည်း
ဒေ သခံများနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက
ကန့်ကွက်ကြသည်။
စူးရှ
The Myanma Age
Labels:
ပြည်တွင်းသတင်း