တရုတ် ဝန်ကြီးချုပ်သစ် လီကချန်း (ဝဲ) နဲ့ သမ္မတသစ် ရှီဂျင်ပင်း (ယာ) |
မစ္စတာ လီဟာ အစိုးရ ခေါင်းဆောင် တဦး အနေနဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ် နိုင်ငံကို တာဝန်ယူ ရမှာ ဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီကနေ သူ့ကို ၅ နှစ် သက်တမ်း အတွက် ခန့်အပ်လိုက်တာ ဖြစ်ပေမယ့်လည်း အရင် ဝန်ကြီးချုပ်လိုပဲ မစ္စတာ လီဟာ ၁၀ နှစ် သက်တမ်း တာဝန် ထမ်းရဖို့ မျှော်လင့်ရပါတယ်။
မစ္စတာ လီဟာ ဥပဒေ ဘွဲ့ရတဦး ဖြစ်ပြီး စီးပွားရေး ပညာရပ်နဲ့ ပါရဂူဘွဲ့ ရထားသူ ဖြစ်ကာ အင်္ဂလိပ် ဘာသာ စကား ကိုလည်း ကျွမ်းကျင် သွက်လက်စွာ ပြောဆို နိုင်သူ ဖြစ်ပါတယ်။
BBC Burmese