http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

စွန့်ပစ်အမှိုက်ပုံဧရိယာအတွင်းရှိ နေအိမ်များအား မြို့တော်စည်ပင်မှ ဖယ်ရှားပေးရန် အကြောင်းကြား

ဒလ၊ ရန်ကုန် ၁၅။
ဒလမြို့နယ်၊ စိမ်းလန်းစိုပြေမြေကွက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ဧရိယာအတွင်းရှိ နေအိမ်များအား မြို့တော်စည်ပင်မှဖယ်ရှားပေးရန် ယနေ့တွင် စာပို့ထားကြောင်း သိရသည်။

ယင်းစာသည် မတ်၂၉ရက်နေ့ နေက်ဆုံးထား၍ နေအိမ်တဲများ၊ကြက်ခြံများ၊ ဝက်ခြံများ ကျူးကျော်ဝင်ရောက်နေသောကြောင့် ဖျက်သိမ်းဖယ် ရှားပေးရန် ဒုတိယအကြိမ် အကြောင်းကြားခြင်း လည်း ဖြစ်ကြောင်း သိရသည်။

ယင်း စိမ်းလန်းစိုပြေမြေကွက်သည် ယခင်ရန်ကုန်တိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်သန်းမှ ၁၉၉၉ခုနှစ်မှစတင်၍ဒလ-တွံတေး ကားလမ်းဘေး မိုင်(၃၀) စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် သက် မှတ်ချထားပေးခဲ့ကြောင်း၊ ယင်း မြေကွက်များပေါ်တွင် နေထိုင်၍ သီးနှံပင်များကို စိုက်ပျိုးဖြစ်ထွန်းအောင်မြင်အောင် ကြိုးစား၍ စိုက်ပျိုးပေးခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့စရောက်တော့ ဒီမြေကွက်က မြက်ရိုင်းတွေမြွေဆိုးတွေနဲ့ဗွက်တွေကြီးပဲ အဲ့ဒါတွေကို ခုတ်ထွင်ရှင်းလင်းပြီး သီးနှံပင်တွေကို ဖြစ်အောင် ကြိုးစားစိုက်ခဲ့ရတယ်။ ပြီးတော့မ.ဝ.တ အစီအစဉ်နဲ့ တာမွေအခွန်လွတ်ဈေးမှာ သွားရောင်းပေးရတယ်”ဟု ၈နှစ်ကြာ နေထိုင်ခဲ့ သော ဦးဟန်ညွှန့်က-ပြောကြားသည်။

“ဦးတို့က ဒီအိမ်တွေကို ဖျက်ပေးလိုက်ရရင် နေစရာမရှိတော့ပါဘူး။ ဒါကြောင့် ဦးတို့ အသနားခံစာ တင်ထားတာပါ။ တကယ်လို့ မဖြစ်မနေ ဖျက် ရရင်လည်း နေစရာပြန်ပေးဖို့တောင်းတော့နေစရာမပေးနိုင်ဘူး နိုင်ငံတော်ကလုပ်တာ ဘာခံစားခွင့်မှ မပေးနိုင် ဘူးလိုပြေတယ်”ဟု ဦးအောင်သန်းက ပြောကြားသည်။

ထို့အပြင် (၂၀၀၈)ခုနှစ် နာဂစ်တိုက်သည့်အတွက် ဆားငန်ရေလွှမ်းကာ သီးနှံပင်များစိုက်ပျိုး၍မရတော့ခြင်းကြောင့် (၂၀၁၀) ခုနှစ်မှစတင်ကာ တစ်ခြံလျှင်(၅၀၀)ကျပ်နှုန်းဖြင့် ခြံပေါင်း(၆၀)ကျော် ကောက်ခံ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား ယနေ့ထိ ပေးဆောင်နေရကြောင်း လည်း သိရသည်။ အသနားခံစာနနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၊ ပါတီများသို့ တင်ပြထားကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com