http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမေရိကန်အတွက် ကြွေးမြီအကျပ်အတည်း မရှိနိုင်ဟု အိုဘားမားဆို

ဝါရှင်တန်၊ မတ် ၁၄။
အမေရိကန်နိုင်ငံသည် ခန့်မှန်းခြေ ၁၇ထရီလီယံ ဒေါ်လာခန့် အကြွေးတင်နေသော်လည်း သမ္မတအိုဘားမားက စိုးရိမ်စရာ မလိုကြောင်း ပြော ကြားခဲ့သည်။

အေဘီစီသတင်းဌာန သတင်းထောက် ဂျော့စတီဖနိုပိုလိုစ်နှင့် ယခုတစ်ပတ်တွေ့ဆုံစဉ် သမ္မတက လက်ရှိဖြစ်ပေါ်နေသည့်စီးပွားရေး အကြပ် အတည်းအကြောင်း သာမာန်အနေအထားဖြင့်သာ ပြောကြားခဲ့ပြီး နိုင်ငံ၏စီးပွားရေးသည် ပြန်လည်ဦးမော့လာသည့် လမ်းကြောင်းပေါ်ရောက် နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အကြွေးကြောင့် လက်ရှိအချိန်မှာ အကြပ်အတည်း ဖြစ်နေတာမျိုး မရှိဘူး”ဟု ဗုဒဟူးနေ့က ထုတ်လွှင့်ခဲ့သော မင်္ဂလာပါ အမေရိက အစီအစဉ် အင်တာဗျူးတွင် မစ္စတာစတီဖနိုပိုလိုစ်အား သမ္မတက ပြောကြားခဲ့သည်။

“နောက် ၁၀လောက်ကြာတဲ့အခါမှာတော့ ပုံမှန်အနေအထား တစ်ခုမှာရှိနေမှာပါ”ဟု သမ္မတက ထပ်လောင်းပြောကြားသည်။

လွှတ်တော်ဘတ်ဂျက်ရုံးက လာမည့်လများတွင် ဘတ်ဂျက်လိုငွေသည် သမ္မတ၏ သက်တမ်းတစ်လျောက် ယခင်နှစ်များထက် ပိုနည်းလာဖွယ် ရှိသည်ဟုဆိုသည်။

လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်လိုငွေစာရင်းသည် သမ္မတအိုဘားမား တာဝန် စတင်ထမ်းဆောင်စဉ်က ၁ထရီလျံဒေါ်လာ ရှိခဲ့သော်လည်း ယခု အချိန်တွင် ၈၄၅ဘီလျံသာ လိုငွေပြတော့ကြောင်း ထောက်ပြကြသော်လည်း ယင်းငွေ ပမာဏကို လျှော့ချရန်အချိန်ယူရမည့်ပုံ ရှိသည်။

လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်ရုံးသည်၂၀၁၅တွင်လိုငွေ ၇ထရီလျံထိ မြင့်တက်လာနိုင်ပြီး နိုင်ငံ၏အကြွေးကိုလည်းပိုမိုတိုးတက် လာစေမည်ဟု ခန့်မှန်းထားသည်။

စီးပွားရေးဆိုင်ရာတာဝန်နှင့် ပြုပြင်ပြောင်းလဲမှု အမျိုးသားကော်မရှုင် တနည်းဘောင်းလ်-ဆင်ပဆန်ဥပဒေမှ စီးပွားရေး ပညာရှင်နှစ်ဦး ဖြစ်သည့် အာစကင်းဘောင်းလ်နှင့် အလန်ဆင်ပဆန်တို့က ဝါရှင်တန်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သောနှစ်ပါတီအကြား သဘောထားကွဲလွဲမှုများကြောင့် ဒီမိုကရက်တစ်ပါတီနှင့် ရီပါဘလီကန်ပါတီတို့သည် အကြွေးလျော့ကျစေမည့် သဘောတူညီချက်ကို ယခုနှစ်တွင် ထုတ်ပြန်ဖွယ်မရှိကြောင်း ဆိုသည်။

သမ္မတသည် အနာဂတ်စီးပွားရေးကို အကောင်းမြင်တွေးတောသော်လည်း အခြားသူများက မသေမချာရှိနေဆဲပင် ဖြစ်သည်။

သမ္မတက “ကျွန်တော်တို့ဟာ လိုငွေရဲ့ ၂.၅ - ၂.၇ ထရီလျံလောက်ကို ဖြည့်တင်းနိုင်ခဲ့ပြီးပါပြီ၊ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုဖြစ်တယ်”ဟု မစ္စတာစတီဖနိုလိုစ်ကို ပြောကြားသည်။

လွန်ခဲ့သည့်လက အေဘီစီသတင်းဌာနမှ ဂျွန်နသန်ကားလ်ကို မစ္စတာဘောင်းလ်က ပြောကြားခဲ့ရာတွင် “သူတို့တွေခက်ခဲတဲ့အလုပ်တွေ၊ အရေး ကြီးတဲ့အလုပ်တွေ မလုပ်ရသေးဘူး။ သူတို့တွေ အခွန်ဥပဒေကို မပြုပြင်ရသေးဘူး။ ကျမ်းမာရေးစောင့်ရှောက်မှုနှုန်းကို မလျှော့ချနိုင် သေးဘူး။ စီးပွားရေး တိုးတက်မှုအတွက်ရော၊ ပြည်သူတွေလုံခြုံရေးအတွက် အဖြေရှာတာတွေရောလုပ်စရာတွေ အများကြီးရှိနေတုန်းပဲ”ဟု ပြောကြားခဲ့သည်။

သမ္မတ ပြောကြားသည့်စကားများတွင် အစိုးရအထွေထွေအသုံးစရိတ်ကို စီစဉ်ထားသည့်အတိုင်း ဖြတ်ချမည်ဖြစပြီးနိုင်ငံ၏ စီးပွားရေး ပြန် လည်ဦးမော့လာမည်ဟူသော အချက်တို့သည် အကောင်းဆုံးဖြစ်နေသည်။ ရီပါဘလီကန်နှင့် ဒီမို ကရက်တစ်ပါတီတို့သည် နောက်ပိုင်းလုပ်သော ဆွေးနွေးပွဲများတွင် သဘောတူညီချက်တို့ ရလာနိုင်ပြီး ကြွေးမြီအကြပ်အတည်းသည်လည်း အမေရိကန်ဘဏ်စာရင်းမှ ငွေများကိုကုန်ပြောင်သွားစေမည် မဟုတ်တော့ပေ။

သမ္မတ၏ အစီအစဉ်များသည် အလုပ်ဖြစ်မည်မထင်ကြောင်း မစ္စတာဆင်ပဆန်က အေဘီစီကို ပြောကြားသည်။

“ဒါကအကြပ်အတည်းကြီး တစ်ခုအနေနဲ့ ဖြစ်မှာမဟုတ်ဘူး၊ အခွင့်အရေးတစ်ခု လက်လွတ်သွားတာ၊ အဲဒီအခွင့်အရေးရှိနေမှန်း သိနေတော့ ကျွန်တော်ဖမ်းဆုပ်ကိုင်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမယ့်ဒီမိုကရက်တစ်ပါတီဝင်တွေရော ရီပါဘလီကန်တို့ပါ ပူးပေါင်းပါဝင်ကြမှ ပိုကောင်းပါ မယ်ဟု သမ္မတက မစ္စတာ စတီဖနိုပိုလို့စ်က ပြောကြားသည်။

နှစ်ပါတီစလုံး အသုံးစရိတ်စီမံကိန်းတွင် သဘောတူညီလာကြလျှင် သမ္မတ ပြောကြားသည့် ဆယ်နှစ်စီမံကိန်း အကောင် အထည် ပေါ်လာဖွယ် ရှိသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူဂျေးကာနေးက ယခု ပြဿနာအပေါ် လူတိုင်းက အချိန်ကြာမြင့်စွာ ရှိနေမည့် အကြွေးနှင့်ဆိုင်သော စိန်ခေါ်မှုတစ်ခုအဖြစ် မြင်ကြသော်လည်း သမ္မတက အကြပ်အတည်းဟု ယူဆလိမ့်မည် မဟုတ်ကြောင်း ဗုဒဟူးနေ့က ထုတ်ပြန်ခဲ့သော သတင်းပြန်ကြား ချက်အကျဉ်းတွင် ရေးသားထားသည်။
Ref:RT
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com