လားရှိုး၊ မတ်လ ၁၅။
ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ရပ်ကွက်တွင်း ဘိန်း ဆီခဲများကို ဖြန့်ဖြူးရောင်းချသော တရားခံအား လားရှိုးမူးယစ်အထူးတပ်ဖွဲ့မှ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၉ နာရီ ၃၀ ခန့်တွင် လားရှိုးမူးယစ်အထူးတပ်ဖွဲ့က သတင်းရရှိ၍ ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ပြီးရပ်ကွက်(၅)၊ နယ်မြေ(၂၀)၊ (၄၆)လမ်းနေ မသင်္ကာဖွယ်
ဖြစ်သူ အောင်အောင်၏နေအိမ်မှ ဖမ်းဆီးရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းနေအိမ်အိပ်ခန်းအတွင်း၌ ရှိနေသော အောင်အောင်အား မူးယစ်အထူးတပ်ဖွဲ့မှ စစ်ဆေးရှာဖွေခွင့် တောင်းကာခွင့်ပြုခဲ့၍ပိုက်စိပ်တိုက် ရှာဖွေရာမှ နေအိမ်အပေါ်ထပ် အခန်းရှိ သံပုံးတစ်ပုံးအောက်မှ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားသည့်ဘိန်းဆီခဲများကို ရှာဖွေသိမ်းဆည်းခဲ့သည်။
ယင်းဘိန်းဆီခဲမှာ(၃၈၀) ဂရမ်ရှိပြီး တန်ဖိုးအားဖြင့် ကျပ်ငွေ ငါးသိန်းခုနှစ်သောင်းဖြစ်ပြီး ပစ္စည်းနှင့်အတူ တရားခံအောင်အောင်အား မူးယစ်အထူးတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ
နိုင်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် တရားခံအောင်အောင်အား ဘိန်းဆီခဲများကိုနေအိမ်အတွင်းရှိ ဖြန့်ဖြူးရောင်းချပေးနေခြင်း ပြစ်မှုထင်ရှားသောကြောင့် လားရှိုး အမှတ်(၁)ရဲစခန်းမှမယ(ပ)
၄၀/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)အားဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲစခန်းမှတဆင့် သိရသည်။
ထွန်းထွန်း
The Myanma Age
ဘိန်းဆီခဲများ ဖြန့်ဖြူးရောင်းချသူ ဖမ်းဆီးမိ
Labels:
ပြည်တွင်းသတင်း