http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

ဖရူးဆိုး၊ မတ် ၁၅။
ကယားပြည်နယ် ဖရူးဆိုးမြို့နယ်ရှိ လော့ဂျာကျေးရွာအနီးရှိအမှတ် ၁၄ တန်းမြင့်စစ်သင်တန်းကြောင်းမှ ပန်းရံအလုပ်သမားတစ်ဦးသည် ၁၀ နှစ်ကျော် ကလေးသူငယ်တစ်ဦးအား မတရားပြုကျင့်မှုနှင့် စပ်လျဉ်း၍ လွိုင်ကော်ခရိုင်တရားရုံးက မတ်လ ၁၅ရက်နေ့၌ ထောင်ဒဏ် တစ်သက် တကျွန်းချမှတ်ခဲ့သော်လည်း တရားလို
ဘက်မှ နစ်နာကြေးကိစ္စပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် တရားမကြောင်းအရ ထပ်မံတရားစွဲဆို မှုများ ပြုလုပ်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ်သို့ပြောကြားသည်။

ယင်းတရားခံအား ဥပဒေပုဒ်မများအရ တိကျမှန်ကန်စွာဆောင် ရွက်သော်လည်း တရားခံနှင့်ပတ်သက်သူများနှင့် နစ်နာကြေးပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူမသိဘဲ မတရားပြုကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက်ဆက်နွယ်တဲ့သူတွေနဲ့ နစ်နာကြေးကိစ္စတွေမပါဝင်တဲ့အတွက် သတိပေးစာတစ်ည စောင် ပေးပို့ပြီးတော့ အခုရက်ပိုင်းအတွင်း တရားမကြောင်းအရ တရားထပ်စွဲသွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်ကဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်းတသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာကျမှာဆိုးလို့ထင်တယ်"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီးဖရူးဆိုးရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော်ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
အောင်သိုက်
The Myanma Age




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com