http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပံတောင်းတောင်စီမံကိန်းနှင့် စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုမှရသော အကျိုးအမြတ်များကိုအစီရင်ခံစာတွင် နှိုင်းယှဉ်ပြသင့်

ရန်ကုန်၊ မတ် ၁၅။
လက်ပံတောင်းတောင်စီမံကိန်း အစီရင်ခံစာတွင် ရင်းနှီးငွေကိုကြေးနီထုတ်လုပ်ရာမှ ရရှိမည့် အမြတ်ငွေနှင့် လယ်ယာစိုက်ပျိုးရေးတွင် ရရှိမည့် အမြတ်ငွေ မည်သည်က ဒေသခံတွေအတွက်ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းစေလဲဆိုတာကို နှိုင်းယှဉ်ပြသင့်ကြောင်းအမည်မဖော်လိုသူ စီးပွားရေးသုတေသီ တစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်အစီရင်ခံစာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လေ့လောတွေ့ရှိချက်များကို ပြည့်ပြည့်စုံစုံရေးသား ထားသည် ကို တွေ့ရှိရသော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မည်သို့ကြပ်မတ်ဆောင်ရွက်ရမည်ကိုရေးသားထားခြင်းမရှိကြောင်း ၊ အစီရင်ခံစာမှာ ပြီးပြည့်စုံမှုမရှိသေးဘဲ လိုအပ်ချက် အနည်းငယ်ရှိနေသဖြင့် ပဋိပက္ခများဖြစ်ပေါ်ရသည်ဟု ယူဆကြောင်း အဆိုပါ စီးပွားရေးသုတေသီကပြောကြားသည်။

“စဉ်းစားရမှာက စီးပွားရေးအရ တွက်ချေကိုက်မှု ရှိ၊မရှိ ဒီအစီရင် ခံစာမှာပါတဲ့ ဒေါ်လာ သန်း၁၄၀၀ကျော်ပမာဏကိုကြေးနီထုတ်လုပ်ရေးအတွက် မဟုတ်ဘဲ လယ်ယာစိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်ရင် ဘယ်လောက်အကျိုးအမြတ် ရနိုင်လဲဆိုတာကို စိုက်ပျိုးရေးပညာရှင် တွေနဲ့တွက်ချက်ပြီး ဘယ်ရင်းနှီးမြှုပ်နှံမှုက ပိုပြီး လူထုအတွက်အကျိုးများစေလဲဆိုတာကို တွက်ချက်ပြသင့်တယ်။ အစီရင်ခံစာမှာ ဒီလိုနှိုင်းယှဉ်ပြီး တွက်ချက်ပြထားတာမျိုးမပါဘူး”ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏အမြင်ကိုသုံးသပ်ပြောကြားသည်။

“အစီရင်ခံစာနှင့်ပတ်သတ်ပြီးပြောရရင် အဖက်ဖက်ကနေအများကြီးကြည့်ပြီင်္း သတိထားပြီး ရေးထားတာတွေ့ရပါတယ်။ နိုင်ငံခြားဆက်ဆံရေး ကိစ္စနဲ့ပတ်သတ်ပြီးတော့ပေါ့။ မြန်မာ တရုတ်ဆက်ဆံရေး၊ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးကာလဖြစ်နေတာတွေ ဒါတွေကတိုက်ရိုက်ကြီး စီမံကိန်းနဲ့ ပတ်သတ်တာမဟုတ်ပေမယ့် ဆက်နွယ်ပြီး ပတ်သတ်နေတဲ့ ကိစ္စတွေ ဖြစ်နေတယ်” ဟုလည်း စီးပွားရေးနှင့် နိုင်ငံရေးဆက်နွယ်မှု များ ရှိနေပုံကို ရှင်းပြသည်။

လက်ပံတောင်းတောင်အစီရင်ခံစာတွင် ၂၀၁၀ခုနှစ်၊ဇွန်လတွင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အပေါ် မူတည်ပြီး
နိုင်ငံတော်ကရရှိမည့် အကျိုးအမြတ်မှာ ၁၆.၈% ဖြစ်သော်လည်း လက်ရှိတည်ဆဲဥပဒေအရ ကုမ္ပဏီမှ ကုန်သွယ်ခွန် ၈%ကိုပေးဆောင်ရန် မလိုအပ်တော့သဖြင့် ခံစားရမည့်အကျိုးကျေးဇူးမှာ ခိုင်ကြေး ၄%နှင့် ဝင်ငွေခွန်ပေါ်မှ ကောက်ခံသည့် အခွန်ငွေတို့ကို သာ ရရှိတော့မည်ဖြစ်ကြောင်း၊ ကြီးမားသောလုပ်ငန်းကြီးမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့်အကျိုး ကျေးဇူးမှာ နည်းပါးကြောင်း၊ သို့သော် ကော်မရှင်စီးပွားရေးပညာရှင်၏ တွက်ချက်မှုအရ ယခုလုပ်ငန်းသည် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တို့ရရှိသည့် အကျိုးစီးပွားသည် ဝမ်ပေါင်ရရှိသည့် အကျိုးစီးပွားထက်ပိုမိုကြောင်း ထည့်သွင်းရေးထားသည်။

ထို့အပြင် အစီရင်ခံစာတွင် “စီးပွားရေးပညာရှင်က ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်ကော်မတီလီမိတက်တို့ပြုစုထားသည့် စာရွက် စာတမ်းများတွင် အသေးစိတ်ဖော်ပြချက်များ မပါရှိသဖြင့် စီးပွားရေးသုံးသပ်မှုကို ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာလုပ်ဆောင်သင့်သည့် စီမံကိန်းဖြစ်သည်ကိုမူ သံသယ လုံးဝရှိစရာမလိုကြောင်း” တင်ပြထားသည်ကို တွေ့မြင်ရသည်။
ဆုဝေ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com