http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကယားပြည်နယ်ရှိအဖွဲ့အစည်းအချို့မှသံလွင်မြစ်ဆုံကိစ္စ ကန့်ကွက်မှုများ ပြုလုပ်

လွိုင်ကော်၊ မတ် ၁၅။
ကယားပြည်နယ်တွင် လက်ရှိ မြန်မာ့ဦးပိုင်လီမိတက်နှင့် ဒါးတန်ကော်ပိုရေးရှင်းတို့မှ ပြုလုပ်လျက်ရှိသည့် သံလွင်မြစ်ဆုံ ရေကာတာ စီမံကိန်းအား ရပ်ဆိုင်းပေးရေးနှင့်
စပ်လျဉ်းကာ ကယားပြည်နယ်ရှိ သံလွင်ချစ်သူများအဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂအပါအဝင် အခြားနိုင်ငံ ရေးအဖွဲ့အစည်းနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတချို့မှ သဘောထားကြေညာချက်များကိုမတ်လ ၁၄ရက်နေ့ ကမ္ဘာ့ရေကာတာနေ့၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့က အဓိကအချက်အနေနဲ့ ဒီရေကာတာစီမံကိန်းရပ်ဆိုင်းပေဖို့ နဲ့ တောင်သူလယ်သမားသမ္ဂ ပေါ်ပေါက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ လယ်ယာတွေ ပြန်ရရှိရေးတွေ ပါဝင်ပါတယ်။ နောက်ပြီးဒေသခံပြည်သူတွေပေါ့ သူတို့တွေအတွက် အာမခံချက်ရှိတဲ့ အလုပ် အကိုင် ရရှိရေးတွေကို ထည့်သွင်းတောင်းဆိုထားပါတယ်"ဟု ကယားပြည်နယ်လုံးဆိုင်ရာကျောင်းသားဝိဇ္ဇာသိပံ္ပ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကြူဖယ်ကေးက ပြောကြားသည်။

ထို့ပြင် အဆိုပါရေကာတာနေ့၌ အခြား အရပ်ဖက် လူ့အဖွဲ့အစည်းတခုဖြစ်သည့် သံလွင်ချစ်သူများအဖွဲ့မှလည်း ယခင်နှစ်ပေါင်း ၅၀နီးပါး ခန့်၌ ပထမဦးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မိုးဗြဲရေကာတာနှင့်လောပိတရေအားလျှပ်စစ်စွမ်းအင်စက်ရုံများပြုလုပ်သော်လည်း ဆိုးကျိုးများ ရှိခဲ့ဖူကြောင်းနှင့် ယခုလက်ရှိပြုလုပ်သော ကြီးမားသည့် ရွာသစ်ရေကာတာသည်လည်း ယခင်စီမံကိန်းများကဲ့သို့ ဆိုးကျိုးများ ရှိသည့်အတွက် ကန့်ကွက်ကြောင်း ယင်းအဖွဲ့၏သဘောထားထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အဆိုပါ ရွာသစ်ရေကာတာစီမံကိန်းအား ကန့်ကွက်ရခြင်းဖြစ်ကြောင်းနှင့် သံလွင်မြစ် တလျှောက်တွင် ဆောက် လုပ်မည့်စီမံကိန်းများကိုလည်း ရပ်ဆိုင်းပေးရန်တို့အား ထည့်သွင်းဖော်ပြထားသည်။

ယင်းသံလွင်မြစ်အား မှီခိုနေသည့်တိုင်းရင်းသားများဖြစ်ကြသည့် ရှမ်း။ကရင်။ကယား။ဂေခို။ဂေဘား။ယင်းဘော်နှင့် ယင်းတလဲတို့ရှိကြောင်း သိရပြီး ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍လည်း ဆုတောင်းပွဲပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ တရားဝင်စာ တင်လျှောက် ထားသော်လည်း မတ်လ ၁၂ရက်နေ့ရက်စွဲဖြင့် ခွင့်မပြုကြောင်း အကြောင်းကြားစာပေးပို့ခဲ့ပြီး သံလွင်ချစ်သူများအဖွဲ့သည်လည်း တရားဝင် အဖွဲ့အစည်း မဟုတ်သည့်အတွက် ခွင့်မပြုရခြင်းဖြစ်ကြောင်း ယင်းအကြောင်းကြားစာ၌
ထည့်သွင်းထားချက်အရ သိရသည်။
TMA
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com