ရန်ကုန် မတ် ၁၅
ပုံစံ ၁၉ ပြုလုပ်ရန်မလိုကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သော်လည်း မသိရှိသေးသူများက လာရောက်စဉ် ရုံးပတ်ဝန်းကျင်ရှိ ပွဲစားများနှင့် မကြုံတွေ့ရရန် ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူတွေက လိုက်လံ ရှင်းပြ အသိပေးမှုတွေကို ပြုလုပ်နေရကြောင်း နယ်ထိန်းများ ထံမှသိရသည်။ယခင်က ပုံစံ ၁၉ ရုံးရှေ့တွင် ပွဲစားများ မလိုပဲ ဆောင်ရွက်နိုင်ကြောင်း တရားဝင်ရေးသားဖော်ပြထားသော်လည်း မသိရှိသူများက ပွဲစားများ၏ ငွေကျပ် ရှစ်ထောင်နီးပါးခန့် အလိမ်အညာခံ၍ ဆောင်ရွက်နေသည့်အတွက် ထိုကဲ့သို့ အသိပေးခြင်းဖြစ်သည်ဟု ၄င်းတို့က ဆိုသည်။
PN 051
Popular Myanmar News Journal
ပုံစံ ၁၉ ပြုလုပ်ရန်မလိုတော့
Labels:
ပြည်တွင်းသတင်း