http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သီရိလင်္ကာတွင် မူဆလင်တို့၏ ဟာလာ(Halal)အမှတ်တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ


Monday, 18 February 2013

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုတွင် ဆင်ဟာလီလူမျိုး သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာအုပ်စု
တစ်ခုသည် နိုင်ငံ၌ အစားအသောက် များနှင့် အခြားကုန်ပစ္စည်းများတွင် မူဆလင်ဘာသာဝင်တို့၏ ဟာလာအမှတ်အသား ထည့်သွင်းသည့်စနစ် ပပျောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဗောဒုဘာလဆီနာခေါ် ဗုဒ္ဓဝါဒီစွမ်းအားအဖွဲ့  Buddhist Strength Force က ဟာလာအမှတ်အသား ပပျောက်ရေး အပါအဝင် နိုင်ငံခြားမှ ဘာသာရေးဝါဒဖြန့်သူများလည်း တစ်လအတွင်း တိုင်းပြည်မှ ထွက်ခွာသွားသင့်ကြောင်းပြောဆိုခဲ့သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော မြို့တော်ကိုလမ်ဘို ဆင်ခြေ ဖုံးရှိ ဆန္ဒပြပွဲသို့ ထောက်ခံသူများထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏တောင်း ဆိုမှုများမှာ နိုင်ငံတွင်ဘာသာရေးတင်းမာမှုများ မြင့်တက်လာချိန် တွင် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့ သည် ယခင်ကလည်း မူဆလင်ဗလီများ၊ မူဆလင်ဘာသာဝင်များပိုင်ဆိုင်သော စီးပွားရေးလုပ်
ငန်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းတော် ကြီးများကိုလည်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း
ကိုလမ်ဘိုရှိ ဘီဘီစီသတင်းထောက် ချားလ်စ် ဟာဗီလန့်ကပြောကြားသည်။

ယမန်နေ့က ချီတက်တောင်းဆိုမှုများတွင် အမျိုးသား၊ အမျိုးသမီးထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အဖွဲ့ ၏ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဟောကြားသော တရားများကိုလည်း နားထောင်ခဲ့ကြသည်။

ဆန္ဒပြမှုတွင် ခေါင်းဆောင်သူများက ဟာလာတံဆပ် တပ်ထားသော အသားများကို သပိတ်မှောက်၍ ဝယ်ယူ ခြင်းမပြုရန် ဧပြီလမှစ၍ ဆိုင်များတွင် ဟာလာအမှတ် တံဆိပ်ပါ ကုန်ပစ္စည်းများကို ဖယ်ရှားပေးရန် တောင်းဆို ခဲ့ကြသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဘုန်းတော်ကြီး ဂါလဘောဓ အဿသီ ဂန်နာစာရက ဘုန်းတော်ကြီးများ သည်သာ ဆင်ဟာလီလူမျိုးများကို ကယ်တင်နိုင်မည်ဖြစ် ကြောင်း၊ ခရစ်ယန်နှင့် မူဆလင်အစွန်းရောက်များသည် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေကြောင်း၊ မိမိတို့
နိုင်ငံသည် ဆင်ဟာလီတိုင်းပြည်ဖြစ်၍ မိမိတို့သည် တိုင်းပြည်၏ တရားမဝင်သော ရဲတပ်ဖွဲ့ ပင်ဖြစ်ကြောင်း
ပြောကြားသည်။

သီရိလင်္ကာ သမ္မတ မဟင်ဒရာရာဂျပက်ဆာကမူ ဘုန်းတော်ကြီးများအား ဘာသာရေးအမုန်းပွားမှုနှင့်
အကြမ်းဖက်မှုများတွင် မပါဝင်ရန် တိုက်တွန်းထား သော်လည်း နိုင်ငံတွင် ဘာသာရေးတင်းမာမှု အခြေ
အနေမှာ အလွန်ဆိုးရွားနေကြောင်း အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး က ပြောကြားသည်။

သီရိလင်္ကာ၏ လူဦးရေ သန်း၂၀ တွင် လေးပုံသုံးပုံမှာ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများ ဖြစ်ပြီး မူဆလင်
များမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း သိရသည်။
BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com