http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖုန်းဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း ရပြီ

ဖုန်းဆင်းကတ် ပျောက်ဆုံးသူများ စာရွက်၊ စာတမ်းအပြည့်အစုံနှင့်ကိုယ်တိုင်လာရောက် လျှောက်ထားပါ က နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဟု ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးမှ သိရသည်။

ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖုန်းဆင်းကတ်ပျောက်ဆုံးမှုကို နှစ်ပတ်ကြာမှသာ ပြန် လည်ထုတ်ပေးခဲ့ပြီး ကတ်ပျောက် လျှောက် ထားမှုကို ကိုယ်စား လျှောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

''ဒီလ ဒုတိယအပတ်ထဲမှာပဲ စနစ် ပြောင်းလဲခဲ့တာပါ။ ကိုယ်တိုင်လာ မလျှောက်ရင်တော့ နေ့ ချင်းပြီး ရမှာ မဟုတ်ပါဘူး။ အဓိကတော့ ဖုန်း အမှန်တကယ် ပျောက်ဆုံးခဲ့တဲ့ လူတွေ အချိန်တိုအတွင်း ဖုန်းပြန်ကိုင်နိုင်ဖို့ အရင်စနစ်ကို ပယ်ဖျက်ပေးလိုက်တာပါ'' ဟု ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက် က ပြောသည်။

ယင်းသို့ ကတ်ပျောက်ဆုံးမှုကို နှစ်ပတ်မှ နေ့ချင်းပြီး ဆောင်ရွက်ပေး ခဲ့သော်လည်းကတ်ပျောက်မှုအ တွက် ပေးသွင်းရသည့် နှုန်းထားကိုမူ ယခင်နှုန်းအတိုင်း ကျပ် နှစ်သောင်းဆက်လက် ကောက်ခံလျက် ရှိကြောင်း၊ ကတ်ပျောက် လျှောက်ထားမှုတွင်လည်း ဆက်သွယ်ရေးမှ ရောင်းချသည့် ဖုန်းများအပြင် ကုမ္ပဏီများမှ ရောင်းချထားသည့် ဖုန်းများကိုလည်း ဆောင် ရွက်ပေးနေပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ဖုန်းဆင်းကတ် ပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ''ကိုယ်တိုင်လျှောက်မယ်၊ စာရွက်စာတမ်း အပြည့်အစုံပါမယ် ဆိုရင် တော့ ဆက်သွယ်ရေးရုံးကို တိုက်ရိုက်သွားနိုင် ပါတယ်။ ကိုယ်တိုင်မလျှောက်ဘူး၊ ကိုယ်စား လျှောက်မယ်ဆိုရင်တော့ ကုမ္ပဏီကို လာလျှောက်နိုင်ပါတယ်။ နေ့ ချင်း ပြီးတော့ မရဘူး။ သုံးပတ် အချိန်ကြာမှာပါ'' ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ အင်တာနက်လျှောက်ခြင်း၊ ဖုန်းဝယ်ခြင်း၊ ကတ်ပျက်စီးခြင်းနှင့် ကတ်ပျောက်ဆုံးခြင်းများကို နေ့ ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အောင်ဇော်Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com