http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသစ် ပြန်လည် ဖွဲ့စည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်များ ပြည်ထောင်စု အဆင့် ဟုတ်၊မဟုတ် အငြင်းပွားမှု ကြောင့် နှုတ်ထွက် ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ကိုးဦး နေရာ တွင် ပြန်လည် ခန့်အပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံတော် သမ္မတ တို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ရွေးချယ် ထားသည့် ခုံရုံး အဖွဲ့ဝင် သုံးဦးမှာ ရှေ့နေချုပ် ရုံးမှ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးတင်မြင့်၊ ရှေ့နေချုပ် ရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်တင်စန်းနှင့် ရှေ့နေချုပ် ရုံးမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမျိုးချစ်တို့ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

ရှေ့နေချုပ် ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြင့်ဝင်း၊ နိုင်ငံတော် သမ္မတ၏ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ် တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးချယ် ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောပြသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးချယ် ထားသည့် ကျန် ခုံရုံးအဖွဲ့ဝင် သစ် သုံးဦးမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ညွန်ကြားရေးမှူး ချုပ် (ငြိမ်း) ဦးမြသိန်း၊ တရား လွှတ်တော် ရှေ့နေ ဦးမြသိန်းနှင့် တရား လွှတ်တော် ရှေ့နေ ဦးမြင့်လွင် တို့ဖြစ်သည်။

အဆိုပါ ခုံရုံး အဖွဲ့ဝင် ကိုးဦးအနက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး ချုပ် (ငြိမ်း) ဦးမြသိန်းကို ခုံရုံး ဥက္ကဌ အဖြစ် တာဝန် ပေးရန် သင့်လျော်သည် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နိုင်ငံတော် သမ္မတ ထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ရက်နေ့ ပြည်သူ့ လွှတ်တော် တွင် ပြောကြားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com