http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တောင်ကိုရီယားသမ္မတသစ် အာဏာလွှဲပြောင်းယူ


တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရဲ့တာဝန်စတင်မှုကိုကြေညာတဲ့ ခေါင်းလောင်းထိုးပွဲ အခမ်းအနားကို ညသန်းခေါင်ချိန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုးလ်မြို့လယ်က ဧရာမ ရှေးဟောင်းခေါင်းလောင်းကြီးရှိတဲ့ ဖိုရှင်ဂန် (Bosingak) အဆောက်အဦးမှာ သမ္မတသစ် ဘက်ဂွန်ဟေး (Park Guen-hye) က တာဝန်လွှဲပြောင်းယူတဲ့ အထိန်းအမှတ် ခေါင်းလောင်းထိုးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုတော့ တနင်္လာနေ့ မနက်ပိုင်းမှာ စတင်မှာဖြစ်ပါတယ်။ အဲဒီပွဲအတွက်လည်း လုံခြုံရေးအပါအဝင် နောက်ဆုံးပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ နိုင်ငံရဲ့
ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်မယ့် ဘက်ဂွန်ဟေး ရဲ့ နိုင်ငံရေးအမြင်ကို ထင်ဟပ်စေမယ့် အခမ်းအနားပုံစံဖြစ်အောင် ပြင်ဆင်နေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ၁၈ ယောက်မြောက် သမ္မတအဖြစ် ၅ နှစ် သက်တမ်းတာဝန်ယူရမယ့် အမျိုးသမီး သမ္မတသစ် အနေနဲ့ နိုင်ငံကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့
မျှော်လင့်တယ်လို့ အခမ်းအနားကို လာကြည့်တဲ့ တောင်ကိုရီးယားတွေက ပြောပါတယ်။ သမ္မတသစ် ဘက်ဂွန်ဟေး ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်ဟောင်း ဘက်ဂျုံဟီးရဲ့ သမီးဖြစ်ပါတယ်။ ဒီဇင်ဘာလက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘက်ဂွန်ဟေး ဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေချိန်မှာ သမ္မတတာဝန်ကို ယူရမှာဖြစ်ပါတယ်။VOA Burmese Fan Page

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com