http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျော်ကိုကိုအား ရန်ကုန် ယူနိုက်တက် အသင်း ဒဏ်ကြေးငွေချမှတ်

ရန်ကုန် ယူနိုက်တက် အသင်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ သည် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်း ခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက် ပြီဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၂၀ ရက်နေ့က မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွင် လက်ရွေးစင် များကို စခန်းသွင်း လေ့ကျင့်နေစဉ် ပြုမူခဲ့သည့် ကျော်ကိုကို ၏ အပြုအမူ ကြောင့် ၄င်း တိုက်စစ်မှူးကို ယခု လို ပြစ်ဒဏ် ချမှတ်ရ ခြင်းဖြစ်သည်။

ကျော်ကိုကို ကိစ္စ နှင့် ပတ်သက်၍ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီ က “ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်းပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်” ဟု ပြောကြား သည်။

မြန်မာ့ လက်ရွေးစင် အသင်းအပေါ် ရိုသေမှု အားနည်းခဲ့ သည့် ကစားသမား တစ်ယောက် အား ယခုလို ပြစ်ဒဏ် ချမှတ် ခြင်းသည် ရန်ကုန် ယူနိုက်တက် အသင်းသမိုင်း တွင် ပထမဆုံး အကြိမ် ဖြစ်ပြီး ကာယကံရှင် ကစားသမား ကလည်း ၄င်းပြစ်ဒဏ်ကို ကျေနပ်လက် ခံသည်ဟု ဆိုသည်။ “ရန်ကုန် အသင်းက ပေးတဲ့ ပြစ်ဒဏ်ကို ကျွန်တော် ကျေကျေနပ်နပ် ကြီးလက်ခံပါတယ်။ နောင်တစ်ချိန် မှာ ဒီလိုကိစ္စ မျိုး ထပ်မဖြစ်အောင် လည်း သတိထား ပါ့မယ်”ဟု ကျော်ကိုကိုက ဆိုသည်။

ကျော်ကိုကို သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့က မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နှင့် လက်ရွေးစင် အသင်းနည်းပြ ချုပ် ပက်ဆောင်ဟွာ တို့ကိုလည်း လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ ကြောင်း သိရသည်။
ygnutd

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com