http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပလောင်ရွာကိစ္စဥပဒေအရမှန်ကန်စွာဆောင်ရွက်မည်

 မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြ ရွာသားများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးစားနေချိန်တွင် ရိုးသားသည့် ရွာသားများ အပေါ် သွေးထိုးလှုံ့ဆော်မှုများ ရှိသောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရကြောင်းနှင့် ပြည်သူ့အတွက် မှန်ကန်သည့် လမ်းကြောင်းမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း အကြောက်တရား များပြေလျော့ပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း၊ တည်ဆဲဥပဒေအရ မှန်ကန်စွာ ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ "ကျွန်မတို့က ထမင်းစားမလို့ သူတို့က ရဲလေးငါးယောက်က လာဝင်ရိုက်လို့ ထွက်ပြေး ခဲ့ရတာ၊ မျက်လုံးလဲ ခိုက်မိသွားတယ်၊ ကိုယ်ဝန်လဲ ပျက်ကျသွားတယ်။"ဟု ရဲများ၏ တိုက်ခိုက်မှု ခံရပြီး နှစ်လကျော် ရှိပြီးဖြစ်သော ကိုယ်ဝန် ပျက်ကျသွားခဲ့သူ ဒေါ်တင်တင်နွယ်က ပြောကြားသည်။ "ဒီမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေက အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူတို့က ပစ္စည်းတွေ မီးလျို့ဖျက်ဆီးတယ်။ နောက်ငါးကန်ရေတွေကို ဖောက်ထုတ်ပစ်တယ်။ ၀ါးပင်တွေကို ခုတ်ထစ်ပစ်တယ်။ နိုင်ငံတော် အတွက်လည်း အကျိုးအတွက် ထိခိုင်နိုင်တယ်။" ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထွန်းလွင်က ပြောကြားသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ပြီး အကြမ်းဖက်လျှင် ဥပဒေပုဒ်မ ၁၀၀ အရ ကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း၊ သေအောင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ ခြောက်လှန့်ရုံသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်သာ ပစ်ခတ်ခဲ့လျှင် သေဆုံးမှုများပါ ဖြစ်လာနိုင်ကြောင်း၊ ရဲတပ်ဖွဲ့တွင် ဒဏ်ရာပြင်းထန်သူ ဆယ်ဦးခန့်တွင် ရဲတပ်သား တစ်ဦးသည် ရန်ကုန်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် ယမန်နေ့ညက သေဆုံးခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးမှု အတွက် လူသေမှုဖြင့် အရေးယူမည် ဖြစ်ကြောင်း အမှုဖွင့်၍ ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့အစည်းတွင် ပါဝင်သူတိုင်းကိုလည်း ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း၊ ဆက်လက် ပြောကြားသည်။
 ယမန်နေ့ ၁၁ နာရီခန့်တွင် ပလောင်ရွာနှင့် နီးစပ်ရာလေးရွာမှ ကိုယ်စားလှယ် ခုနှစ်ဆယ်၊ ငါးလုပ်ငန်း၊ မြေစာရင်း ဦးစီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ကိုယ်တိုင် တက်ရောက်၍ ၎င်းတို့ဆန္ဒကို ပြောကြရာတွင် ညှိနှိုင်း အောင်မြင်ခဲ့ကြောင်း၊ သို့သော် ကန်ဘောင်များကို ဖောက်ချခဲ့သည့် အတွက် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်လာသဖြင့် တာဝန်ရှိသူများ ၏ (ခရိုင်အဆင့်၊ တိုင်းအဆင့်မှ ) ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ထပ်မံညှိနှိုင်းပေးသော်လည်း အဆင် မပြေတော့ဘဲ အတင်းတက်လာကြပြီး ဓါး၊ တုတ်များဖြင့် တိုက်ခိုက်လာကြောင်း၊ ပြည်သူ့ရဲ တပ်ဖွဲ့က တုတ်၊ ဒိုင်းတို့ဖြင့် နောက်ဆုတ် ကာကွယ်ခဲ့ရကြောင်း၊ ကန်ပေါင်ပေါ်မှ ဆင်းသွားစေရန် ဒိုင်းများနှင့်ကာ၍ တက်သွားချိန်တွင် ယင်းတို့ဘက်မှ တုတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဝေယံ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com