http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆီးရီးယား မြို့တော်တွင်း ဗုံးကွဲမှု လူ ၅၀ ထက် မနည်း သေဆုံး

 
ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့လည်မှာ ရှိတဲ့ အာဏာရ Baath ပါတီ ဌာနချုပ်အနီးမှာ၊ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြောင့်မို့လို့ လူငါးဆယ်သုံးဦးထက်မနည်းသေဆုံးသွားပြီးတော့ လူပေါင်း ၂၀၀ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ဆီးရီးယား ပြည်တွင်းစစ် နှစ်နှစ်ကာလအတွင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ al-Mazraa အရပ်နားမှာဖြစ်တဲ့ အဲ့ဒီ့တိုက်ခိုက်မှုဟာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုပြီးတော့ ဆီးရီးယား ရုပ်သံဌာနတွေမှာ လွှင့်ထုတ်ပါတယ်။ အစိုးရရုပ်သံရဲ့ လွှင့်ထုတ်ချက်မှာတော့ လမ်းမတွေပေါ်မှာ သွေးတွေနဲ့ အလောင်းတွေ ပြန့်ကျဲနေပုံတွေကို မြင်ရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်သလဲဆိုတာတော့ မသိရသေးသလိုပဲ ဘယ်သူကမှလည်း သူတို့လုပ်တာလို့ မပြောသေးပါဘူး။ ဒမတ်စကပ်မြို့မှာ အခုတလော ဗုံးခွဲတိုက်ခိုက်မှုတွေ အခုတလော ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။ တလောကလည်း စစ်ဘက် အဆောက်အဦးတစ်ခုကို မော်တာကျည်နဲ့တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ နှစ်နှစ်တာ ကာလအတွင်းမှာ ဒမတ်စကပ်မြို့လည်ဟာ အခြားနေရာတွေထက် နှိုင်းယှဉ်ရင် အတော်လေးကို ဘေးကင်းလုံခြုံမှုရှိခဲ့တာပါ။

ဒီအတောအတွင်းမှာဆိုရင်ပဲ သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရနဲ့ ငြိမ်းချမ်းရေးစကား ပြောသင့်၊ မပြောသင့် ဆိုတာကို အီဂျစ်ကိုင်ရိုမြို့မှာ ဆီးရီးယားအတိုက်အခံတွေ ဆွေးနွေးခဲ့ကြပါတယ်။ အခုနောက်ဆုံး သောကြာနေ့မှာ သူတို့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ VOA Burmese Fan Page

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com