http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းအား တရားစွဲဆိုတော့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁

ရယ်ဒီအေ၀မ်းငါးသေတ္တာထုတ်လုပ်သော မြန်မာမက်ခရိုင်အင်ဒတ်(စ်)ထရီကုမ္ပဏီလီမိတက်မှ မွေးမြူရေးနှင့်   ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းအား တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

"ဥပဒေအရ တန်ပြန်အရေးယူမှု လုပ်လို့ရပြီ။ အမှုကတော့ ရင်းနှီးမြှုပ်နှံမှု အနှစ်နှစ်ဆယ်စာချုပ် ကို မြွတ်ဟပေးစေလိုမှုပါ။ အဲဒီလိုတရားစွဲထားတုန်းမှာ ဌာနကနေ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ကျွန်တော်တို့ကို ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်ဖို့လုပ်ရင် အယူခံလည်းတင်မယ်။ တရားရုံးကို မထေမဲ့မြင် ဥပဒေပုဒ်မ သုံးနဲ့ ထပ်စွဲဖို့ အစီအစဉ်ရှိပါတယ်" ဟု ကုမ္ပဏီ၏ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ စက်မှုဇုန်၊ မြမာလာလမ်း၊ အမှတ် ၈၂ ရှိ ဌာနပိုင် သာကေတစည်သွတ်စက်ရုံနှင့် မြေဧရိယာ ၄ ဒသမ ၇၀ ဧကအား ၁၉၉၇ ခုနှစ် မေ ၁၅ ရက်မှ စတင်ကာ အထက်ပါဌာနနှင့် ကုမ္ပဏီကြားတွင် တစ်နှစ်လျှင် ငှားရမ်းခ ၉ ဒသမ ၀၄၃ သန်းဖြင့်စတင်ကာ ငှားရမ်းခြင်းသဘောတူ စာချုပ်ကို ကနဦး အနှစ်နှစ်ဆယ်နှင့် ငါးနှစ်စီတစ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ၂၀၀၈ ခုနှစ်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှ ၎င်းစက်ရုံအား လေလံတင်သောအခါ ကုမ္ပဏီမှ ကန့်ကွက်ခြင်းမရှိဘဲ လေလံအပြိုင်ဝင်ဆွဲရာ မရဘဲ ဒေါ်မေအေးမွန်မှာ ကျပ်သန်းပေါင်း ၃,၂၉၀ ဖြင့် ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အဆိုပါဌာနမှ အထွေထွေမန်နေဂျာ ဒေါက်တာပြည့်စုံက ပြောသည်။

"လေလံအောင်တဲ့သူကလည်း ငွေအကြေပေးသွင်းပြီးသားမို့ အစိုးရဌာနအနေနဲ့ လွှဲပေးရတော့မှာမို့လို့ နောက်နှစ်လအတွင်းမှာ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်တော့မယ်" ဟု ၎င်းက ပြောသည်။

ရယ်ဒီအေ၀မ်းငါးသေတ္တာထုတ်လုပ်သော မြန်မာမက်ခရိုအင်ဒတ်(စ)ထရီကုမ္ပဏီလီမိတက်၏ စက်ရုံတွင် ၀န်ထမ်း ၂၁၄ ဦးရှိပြီး ကုမ္ပဏီဘက်မှ ဌာနအား တရားမစွဲမီ သာကေတမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံတိုင်စာများ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com