http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd) ဒါရိုက်တာအဖွဲ့မှ သာကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ငှားရမ်းခြင်းကာလ မကုန်ဆုံးမီ လေလံပစ်သည့်ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင် ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉း၀၀မှ ၁၂း၀၀နာရီခန့် အထိ ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီကုမ္ပဏီလီမီတက်နှင့် မွေး မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူချုပ်ဆိုထားသော အငှားစာချုပ်သက်တမ်းသည် ကနဦးငှားရမ်းခြင်း အနှစ်(၂၀)ကာလအတွက် (၁၄.၅.၂၀၁၇) နေ့အထိ အကျုံးဝင်ပြီးထိုကာလမတိုင် ခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေ မှ သာကေတဆီသွတ်စက်ရုံအား မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း သို့ ပြန်လည်လွှဲပြောင်းပေးရန်(၃.၂.၂၀၁၂)ရက်နေ့ နေ့စွဲပါစာ ကို မြန်မာမက် ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်သို့ ပေးပို့ခဲ့ပြီး အစိုးရမြေတွင် ခွင့်ပြုချက်မရှိပဲ ဆက်လက်နေထိုင် သဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ မြေ (၄.၇၀)ဧကရှိ သာကေတ စည်သွတ်စက်ရုံအား (၂၅)ရက်အတွင်း ပြန်လည်အပ်နှံပါရန် (၂၁.၆.၂၀၁၂)ရက်နေ့တွင် ထပ်မံပေးပို့ခဲ့သည်။
ထို့ကြောင့် အငှားစာချုပ်သက်တမ်းကာလ ပြည့်သည့် (၁၄.၅.၂၀၁၇)နေ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ရလိုကြောင်း၊ မရရှိပါက အငှားစာချုပ်သက်တမ်းကာလအတွင်း အဆိုပါစက်ရုံနှင့်မြေကွက်ကို ဒေါ်မေအေးမွန်ဆိုသူအား ကျပ်သန်း(၃၂၉၀)ဖြင့် လေလံတင်ရောင်းချခဲ့ သည့်အပေါ် အဆိုပါဝန်ကြီးဌာနသို့ တရားစွဲဆိုသွားရန် အစီအစဉ်ရှိကြောင်း ဦးမိုးမြင့်ကျော် (မန်နေးဂျင်းဒါရိုက်တာ) မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်မှ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Burma VJ Media Network






မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com