http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ

ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ
ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အနားယူလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရာထူးကနေ အနားယူလိုက်တာကြောင့် နှစ်ပေါင်း ၆၀၀ အတွင်း ရိုမန်ကက်သလစ် ဘာသာရေး ဂိုဏ်းခေါင်းဆောင်အဖြစ်ကနေ ဆန္ဒအလျှောက် ပထမဆုံး အနားယူလိုက်သူဖြစ်လာပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ ကြာသာပတေးနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီကစပြီး ရာထူးကနေ တရားဝင်နှုတ်ထွက်ပြီဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ပုပ်ရဟန်းမင်းကြီးအဖြစ်ကနေ တရားဝင်နှုတ်ထွက်တဲ့အနေနဲ့ ရောမမြို့အပြင်ဘက်က Gandolfo ရဲတိုက်ကို ကြာသာပတေးနေ့ အစောပိုင်းက ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒေသစံတော်ချိန်ညနေ ၈ နာရီမှာတော့ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး နေထိုင်တဲ့နေရာက ဂိတ်ပေါက်က ဆွစ်နိုင်ငံသားအစောင့် ၂ ယောက်ဟာ တံခါးကို ပိတ်ပြီး အဲဒီနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ သီးခြားနှုတ်ဆက်ပွဲအတွင်း ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြောခဲ့တာမှာတော့ - သူ့ကို ဆက်ခံတဲ့ ပုပ်ရဟန်းမင်းကြီးကို သူ့အနေနဲ့လည်း အကြွင်းမဲ့ ရိုသေကိုင်းရှိုင်းပြီး၊ လေးလေးစားစားနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေ ကိုလည်း ညီညွတ်ကြဖို့ နဲ့ သူတို့ထဲမှာ အနာဂတ်ကျရင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမယ့်သူရှိတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။
VOA Burmese Fan Page

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com