http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သတင်းထောက်တွေရဲ့ Gmail ဖောက်ဖို့ကြိုးစားမှုကို Googleက သက်သေထူ အစိုးရ ငြင်းဆို

မြန်မာနိုင်ငံအကြောင်း သတင်းတွေ ဆောင်းပါးတွေ ရေးနေကြတဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေရဲ့ Gmail တွေထဲကို ဝင်ရောက်ထိုးဖေါက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘာတဝှမ်း အသုံးများတဲ့ Google သတင်းအချက်အလက်ရှာဖွေရေး အင်တာနက် စာမျက်နှာရဲ့ အီးမေးကို အသုံးပြုသူ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်တွေရဲ့ ကွန်ပြူတာတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တိုက်ခိုက်ဖို့ ကြိုးစားခံခဲ့ရကြောင်း Google က သတိပေးခဲ့ပါတယ်။

ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ သင့်ရဲ့ကွန်ပျူတာ သို့မဟုတ် သင့်ရဲ့အကောင့်ကို အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ရယူဖို့ ကြိုးစားနေပုံရတယ် ဆိုတဲ့ သတိပေးစာ ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒီသတိပေးစာပေးပို့ကြောင်း Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taj Meadows က အတည်ပြုပြောဆိုခဲ့သလို၊ သတင်းထောက် ၁၂ ယောက်လောက်ကလည်း ဒီသတိပေးစာ ရရှိတဲ့အတွက် သူတို့ရဲ့ ကွန်ပြူတာ စကားဝှက်တွေကို ပြောင်းလဲခဲ့ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီထဲမှာ ပြည်တွင်းက အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ၊ ကျိုဒို သတင်းထောက်တွေ၊ The Voice နဲ့ Eleven ဂျာနယ်၊ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် ဘာတေးလစ်တနာ တို့အပြင် တခြားနိုင်ငံတွေက သတင်းထောက်တွေလည်း ပါဝင်ကြပါတယ်။

Google က အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေလို့ ဆိုပေမဲ့ ဘယ်အစိုးရဆိုတာ တိတိကျကျမပြောခဲ့ပါဘူး။ မြန်မာအစိုးရ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ကတော့ Google အနေနဲ့ ဒီကိစ္စအတွက် တာဝန်ရှိသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်ပြောဆိုဖို့လိုကြောင်း၊ အခုလို အစိုးရ ကျောထောက်နောက်ခံပြုလို့ ဝေဝေဝါးဝါးပြောဆိုတာဟာ မိမိတို့အစိုးရကို ထိခိုက်ကြောင်း၊ အစိုးရမှာ ဒီမူဝါဒမရှိကြောင်း ပြောကြားလိုက်ပြီး၊ သူရဲ့ Gmail မှာလည်း ဒီသတိပေးစာရရှိကြောင်း Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း အမေရိကန်ပြည်ထောင်စုက အဓိကရ သတင်းမီဒီယာကြီးတွေဖြစ်တဲ့ The New York Times နဲ့ The Wall Street သတင်းစာတွေရဲ့ ကွန်ပျူတာကွန်ရက်တွေဟာ တရုတ်ပြည်က လာတယ်လို့ယူဆရတဲ့ အင်တာနက် ထိုးဖေါက်တိုက်ခိုက်မှုခံခဲ့ရပါတယ်။ တရုတ်အစိုးရကတော့ ဒီကိစ္စနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com