http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်

ငါးထောင်တန်ဖုန်းထွက်ရှိရန် ကြိုးစားလျက် ရှိသောရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင် ငံတွင် ဆက်သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် မြန်မာနိုင်ငံတွင် တယ်လီဖုန်းစက်ရုံ စတင် တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။ရွှေပြည်တံခွန်ကုမ္ပဏီမှ Chairman ဦးလွင်နိုင်ဦးက “မြန်မာ နိုင်ငံမှာ ဖုန်းထုတ်တဲ့ စက်ရုံတစ်ခု တည်ထောင်မှုအတွက်Technical operation plan ချမှတ်ပြီး ဆောင်ရွက်နေတယ်။ အဓိက ကျွန်တော်လုပ်ချင်တာက ကျွန် တော်တို့ လူငယ်တွေတိုင်းပြည် အနှံ့မှာ ပျံ့နှံ့နေတယ်။ ပညာ တတ်လူတွေကော ကိုယ့်တိုင်း ပြည်ကို စွန့်ခွာပြီး အလုပ်လုပ်နေ ကြတယ်။ အခုကျတော့ ကိုယ့် တိုင်းပြည်ကို ပြန်လာချင်ကြ တယ်။ အဲဒီအခါကျတော့ သူတို့ တွေရဲ့ တီထွင်ဖန်တီးမှုစိတ်ကူး စိတ်သန်းတွေ ဒီမှာအကောင် အထည်ဖော်ဖို့အတွက် ရည်ရွယ် ချက်တွေ အဲဒီလိုအကောင် အထည်ဖော်ဖို့အတွက် အများ ပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်တယ်။ အဲဒီကနေပြီးတော့ Smart Phone (၃)မျိုးထုတ်ဖို့ ရည်ရွယ်ထား တယ်။ အဲဒါတွေကို မကြာခင် လုပ်တော့မှာပါ။ မြေနေရာက အခက်အခဲတော့မရှိပါဘူး။ စက် ရုံထက်နည်းပညာဘယ်လိုသွား မလဲဆိုတာကို လုပ်ငန်းတွေ ဘယ်လိုစမလဲကို စီစဉ်နေတာပါ။Smart ဖုန်းသိပ်မကြာခင်ထုတ်မှာ ပါ။”
ဒီမှာက နည်းပညာအခက် အခဲမရှိဘူး၊ ဒါပေမဲ့ မီးပြဿနာ အခက်အခဲရှိတယ်။ ဒါနဲ့ပတ် သက်ပြီး ကြိုတင်ပြင်ဆင်ထား တာရှိပါတယ်ဟု ဦးလွင်နိုင်ဦးမှ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ထုတ်စက်ရုံတည်ထောင်ရာ၌ အခြားနိုင်ငံများမှ ပညာရှင်များ အား မြန်မာနိုင်ငံအတွင်းသို့ ခေါ် ယူကာ ထုတ်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိလူငယ်များကို ယင်း ပညာအား လက်ဆင့်ကမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးအောင်
The Hot News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com