![](http://3.bp.blogspot.com/-oAp_x5srYZQ/URpxef6bNcI/AAAAAAAAAoQ/YJT_PGHzaOk/s320/dssk1.jpg)
ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ်ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန် ကုန်မြို့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့် ခွန်း ပေးပို့ပြီး ပြောကြားခဲ့တာပါ။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောခဲ့ပါတယ်။
ဒီကနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ နိုင်ငံခြားသံတ မန်များ တက်ရောက်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။RFA Burmese