http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အခြေခံဥပဒေ မပြင်သော နိုင်ငံရေးပြောင်းလဲမှု ပြည်တွင်းစစ် ချုပ်ငြိမ်းမည် မဟုတ်ဟုဆို




ရန်ကုန်၊ ဖေဖော်ဝါရီ 
ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်မှုမရှိဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းသည် မြန်မာပြည်အား ပြည်တွင်းစစ်မှ ကယ်တင်နိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

''မြန်မာနိုင်ငံငြိမ်းချမ်းဖို့ ဖွဲ့စည်းပုံ ကို ပြင်ရမယ်'' ဟု ၄င်းက ပြော သည်။ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်မှသာလျှင် ရေ ရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ ထို့ပြင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်များ၏ ဒီမိုကရေစီမဆန်ဘဲ တာဝန်မဲ့ ပြောကြားချက်များနှင့် လွှတ်တော်ထဲ ရှိ ပြည်သူ့ကိုယ်စားလှယ်များ၏ ပြည်သူအပေါ် တာဝန်မဲ့စကားရပ်များ အပေါ် ရှုတ်ချကြောင်း ဦးဦးလှစောက ဆိုသည်။

မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ဒီမိုကရေစီ နည်းနှင့် ကွာဟနေသော ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်အမိန့်ဖြင့် လွှတ်တော်တွင်း မဲပေးခွင့်ရှိနေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသော အခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

''တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာဟာ ဖွဲ့စည်းပုံက ဥပဒေနဲ့ ညီ ညွတ်ပေမယ့် ဒီမိုကရေစီကူးပြောင်းရေးနဲ့တော့ ကွာဟနေပါတယ်'' ဟု မစ္စတာ ကင်တားနားကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် မြန်မာပြည်သူများ၏ ဆန္ဒပေါ်တွင်သာ မူတည်ကြောင်း ကင် တားနားနှင့်တွေ့ဆုံစဉ် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားခဲ့ သည်ဟုတွေ့ဆုံရာတွင် ပါဝင်ခဲ့သူတစ်ဦး က ပြောသည်။

''အရင်တုန်းက စနစ်က အာဏာရှင်မို့ အားနည်းချက်တွေ ရှိခဲ့ပေမယ့် အခု ဒီမိုကရေစီ နည်းလမ်းအတိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်၊ လွှတ်တော်ထဲမှာ ချဆွေးနွေးနိုင်မယ်ဆိုရင် အကောင်အထည် ပေါ်လာနိုင်ပါ တယ်'' ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်နှင့် ၂၄ ရက် (နာဂစ်မုန်တိုင်း ဒဏ်ခံဒေသများအတွက် သီးခြား ပြန်လည်ကျင်း ပခြင်းဖြစ်သည်) တို့တွင် တစ်နိုင်ငံလုံး ဆန္ဒမဲ ကောက်ခံအတည်ပြု ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ် ကာလကတည်းကပင် အခြေခံဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိခဲ့ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲဝင် ရောက်ခဲ့သော ပါတီအများစုသည် လည်း အခြေခံဥပဒေ ပြင်ဆင်ရေးအား ပါတီမူဝါဒ တစ်ရပ် အဖြစ် ကိုင်စွဲခဲ့ကြောင်း၊ သို့ရာတွင် အခြေခံဥပဒေ ပြင်ဆင်မှု အပိုင်းနှင့် ပတ်သက်၍ လွှတ်တော်တွင်း တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိသေး ကြောင်း နိုင်ငံရေးရာ လေ့လာသုံး သပ်သူအချို့က ဆိုသည်။

အခြေ ခံဥပဒေအား ပြင်ဆင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေ ကြမ်းအား ပြည်ထောင်စုလွှတ်တော် ရှိ ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက တင်ပြရန် လိုအပ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင် ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည် ဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅၊ ၄၃၆ တွင် ဖော်ပြထားသည်။
ဥာဏ်လင်းအောင်
Popular Myanmar News Journal
 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com