http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိုက်ကယ်လန်းရော့ခ်ဂီတပွဲ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်




Wednesday, February 20, 2013

ကမ္ဘာကျော် မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ ပထမဆုံးဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၃၁ ရက်တွင် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ဖျော်ဖြေပွဲစီစဉ်သူတစ်ဦးကပြောသည်။

မိုက်ကယ်လန်းဂီတအဖွဲ့ ဖျော်ဖြေပွဲကို ပါကစ္စတန်အခြေစိုက် Pastel Communications နှင့် မြန်မာနိုင်ငံမှ Friendship Entertainment တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

ယခုဂီတဖျော်ဖြေပွဲဖြင့် နိုင်ငံ၏ပုံရိပ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးစေလို ခြင်းနှင့် ဒေသတွင်းနိုင်ငံများတွင်နိုင်ငံတကာအဆင့်ရှိုးပွဲများ ကျင်းပနေပြီး မိမိတို့နိုင်ငံသားများကို
လည်း နိုင်ငံတကာဂီတပွဲများ၏ အရသာကို ခံစားစေလိုခြင်းကြောင့်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးကပြောသည်။

“မိုက်ကယ်လန်းဆိုတာ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ပါ။ မြန်မာနိုင်ငံကို မသိသေးတဲ့ နိုင်ငံတွေဟာ မိုက်ကယ်လန်းကြောင့် သိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပွဲစီစဉ်သူကပြောသည်။

မိုက်ကယ်လန်းဂီတအဖွဲ့ကို နိုင်ငံတကာအဆင့်နှုန်းထားဖြင့်ငှားရမ်းထားခြင်းဖြစ်သော်လည်း ပြည်တွင်းပရိ သတ်များအတွက် လက်လှမ်းမီသည့် လက်မှတ်ဈေးနှုန်းများသာ သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်လန်းအဖွဲ့သည် မြန်မာနိုင်ငံသို့ယခင်ကလာရောက်ဖျော်ဖြေရန်စီစဉ်ခဲ့ဖူးသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် လာရောက်နိုင်ခြင်းမရှိခဲ့ပေ။

အဖွဲ့၏ မြန်မာဖျော်ဖြေပွဲကို စီစဉ်သည့် Pastel Communications Myanmar & Friendship Entertainment ၏သတင်းထုတ်ပြန်ချက်အရမိုက်ကယ်လန်းစ်ရော့ဂီတအဖွဲ့သည် မြန်မာနိုင်ငံ တွင် ဖျော်ဖြေရေးအတွက် ရက်အနည်းငယ် နေထိုင်သွားမည်ဖြစ်ကာ ရွှေတိဂုံဘုရားသို့ သွားရောက်
ဖူးမြော်ခြင်း၊ မြန်မာ့အစားအစာများကို မြည်းစမ်းခြင်းနှင့် ပြည်သူများအားတွေ့ဆုံခြင်းတို့ကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

မိုက်ကယ်လန်းအဖွဲ့၏ တေးသီချင်းများမှာ မြန်မာဂီတပရိသတ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရင်းနှီးခဲ့ပြီးလည်းဖြစ်သည်။ ယင်းအဖွဲ့၏ နာမည်ကျော် သီချင်းများဖြစ်သော 'Sleeping Child, Paint My Love, 25 Minutes, The Blue Night, Take Me to your Heart' စသည့် သီချင်းများ အပါအ၀င် သီချင်းများစွာကို မြန်မာရော့ခ်ဂီတအဆိုတော်အများစုက
ပြန်လည်မှီငြမ်း သီဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

မိုက်ကယ်လန်းအဖွဲ့၏ အကောင်းဆုံးတေးများကို စည်သူလွင်၊ အဲလက်စ်၊ ဘိုဘိုနှင့် ထွဏ်းထွဏ်းတို့က “တံခါးသစ်ဖွင့်လှစ်ခြင်း”အမည်ဖြင့် ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့ရာ အလွန်အောင်မြင်ခဲ့သည့် စီးရီးတစ်ခုဖြစ်ခဲ့သည်။

“ငယ်ငယ်တည်းက အရမ်းကြိုက်ပြီး သူ့သီချင်းတွေကိုလည်း ပြန်ဆိုထားတော့ မိုက်ကယ်လန်းအဖွဲ့ လာမှာကို ရင်ခုန်ဝမ်းသာနေတယ်။ သူ့ပွဲကို ကြည့်ဖြစ်အောင် ကြည့်မှာပါ”ဟုအဆိုတော်စည်သူလွင် က ပြောသည်။

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် တေးရေးနှင့် အဖွဲ့၏ခေါင်းဆောင် အဆိုတော် Jascha Richter နှင့် ၎င်း၏သူငယ်ချင်း ဒရမ်မာ Kare Wanscher အပါအ၀င် ဂစ်တာသမား အဆိုတော် Mikkel Lentz၊ Soren Madsen (နောက်ပိုင်းတွင် အဖွဲ့မှထွက်သွားသူ)တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဒိန်းမတ်အခြေစိုက် ဂီတအဖွဲ့ဖြစ်သော်လည်း ကမ္ဘာသုံးအင်္ဂလိပ်ဘာသာဖြင့် တေးသီချင်းများ ဖန်တီးရေးသား ထုတ်လုပ်ခဲ့ရာ ဥရောပနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများစွာ၏ အားပေးမှုကို ရရှိခဲ့သည်။

ထိုအဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် ပွဲဦးထွက် Michael Learns Rock အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး ပထမဆုံး အာရှနိုင်ငံတွင်း ဖျော်ဖြေပွဲကို ဘန်ကောက်မြို့တွင် ၁၉၉၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

အကောင်းဆုံးသီချင်းများကို စုစည်း၍ ၁၉၉၆ ခုနှစ်တွင် Paint My Love အမည်ဖြင့် ထွက်ရှိခဲ့ရာ အာရှနိုင်ငံများတွင် ချပ်ရေ ၃ ဒသမ ၄ သန်းကျော်ရောင်းချခဲ့ရသည်။ အယ်လ်ဘမ်ရှစ်ခု ထွက်ရှိထားပြီး ဂီတဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် MTV Exit Channel မှ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် ဂျေဆင်မရက်ဇ်၏ အခမဲ့ဖျော်ဖြေပွဲပြီးနောက် မိုက်ကယ်လန်းရော့ခ်အဖွဲ့၏ ဖျော်ဖြေပွဲမှာ
မြန်မာနိုင်ငံတွင် ကမ္ဘာကျော်တီးဝိုင်းတစ်ဝိုင်း၏ ဖျော်ဖြေပွဲကို အခပေးပွဲအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com