အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့ ကြောင်းသိရှိရသည်။
အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင် စမ်းသပ်မှုအောင်မြင်ပြီးဖြစ်သည်။ ကိုယ်အလေးချိန်ကျဆင်းစေရန် ခွဲစိတ်မှုပြုရခြင်းကို ရှောင်ရှားနိုင်သည့် ကုသမှုတစ်မျိုးရှိလာပြီဖြစ်ကြောင်း၊ လူသားများတွင် အသုံးပြုနိုင်ရန် သုံးနှစ်ခန့်လေ့လာဖန်တီးရဦးမည်ဖြစ်ကြောင်း လေ့လာမှုခေါင်းဆောင် တော်ဝင်လန်ဒန်တော်ဝင်ကောလိပ်မှ ဇီဝဆေးပညာပါမောက္ခ Dr. Chris Houmazou က ပြောကြားခဲ့သည်။
အဆိုပါမိုက်ခရိုချစ်ပြားကို intelligent implantable modulator ဟုအမည်ပေးထားပြီး ယင်းတွင်ပါဝင်သော အီလက်ထရုပ်ငယ်များကို ၀မ်းဗိုက်ခေါင်းတွင်းရှိနေသော vagus အာရုံကြောတွင် ချိတ်ဆက်ထားရကြောင်း၊ အဆိုပါချိတ်ဆက်ထားမှုက အာရုံကြောမှတစ်ဆင့်လူ၏ အစာစားလိုစိတ်ကို လျှော့ချပေးနိုင်ကြောင်း၊ အီလက်ထရုပ်များမှတစ် ဆင့် ဦးနှောက်သို့ပို့ဆောင်ပေးနိုင် သည့်အတွက် အစားအစာကိုထပ်ခါ ထပ်ခါ စားသုံးလိုခြင်းများကိုလည်း လျှော့ချပေးကြောင်း ဖော်ပြထားသည်။
Dr. Chris Houmazou က ယခုကဲ့သို့မိုက်ခရိုချစ်ငယ်က ပိန်စေသည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော်လည်း လူသားများတွင် အန္တရာယ် ဖြစ်နိုင်ချေရှိမရှိကိုမိမိတို့ဆက်လက်လေ့လာနေကြောင်း၊ အစာစားချင်စိတ်ကို လျှော့ချပေးခြင်းသည် သာမန်လူများတွင် အန္တရာယ်ရှိသော်လည်း အ၀လွန်သူများတွင် ဦးနှောက်မှ အစားအလွန်အကျွံစားရန် လှုံ့ဆော်မှုများကို တားဆီးခြင်းသည်အကျိုးရှိ ကြောင်း ယခုသုတေသနတွင် ပြော ကြားထားသည်။
သော်ဇင်
Ref: ANI
Health Updates Journal