(30.4.2013, Tuesday)
(၂၀၁၃-၂၀၁၄) ပညာသင်နှစ်အတွက် အခြေခံမျက်မမြင်စာအရေးအဖတ်နှင့် သက်မွေးဝမ်းကျောင်းပညာ၊ ဂီတ၊ အနုပညာများကို ဂျပန်-မြန်မာနည်းပညာများနှင့် ကုသပေးသော အကြောရောဂါအမျိုးမျိုးနှင့် လူသားများအသက်ရှည်၍ အနာကင်းဝေးစေရန် ဂျပန်နည်းပညာနှင့် နှိပ်နယ်ပေးသော ပညာရပ်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ တရားသိစုရပ်ကွက်၊ မဟာကုသလကျောင်းရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ မျက်မမြင်ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချပေးလျက်ရှိသည်။
ယခုအခါ အသက်(၆)နှစ်မှ(၁၂)နှစ်ထိ မျက်မမြင်ကလေးငယ်များအတွက် အခြေခံမျက်မမြင်စာအရေးအဖတ်ကို(၁)လ ကြိုတင်ကာသင်ကြား၍ ဇွန်လတွင် ဖွင့်လှစ်မည့် အစိုးရအခြေခံ ပညာသင်ကျောင်းများတွင် တက်ရောက်သင်ယူနိုင်ရန်နှင့် အသက်(၁၃)နှစ်မှ (၂၆)နှစ်အရွယ် မျက်မမြင်များအတွက် အသက်မွေးဝမ်းကျောင်းပညာများကို (၂၀၁၃)ခုနှစ်၊ မေလ(၁)ရက်နေ့စ၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း
သိရသည်။
အသက်(၆)နှစ်မှ (၁၂)အရွယ် မျက်မမြင်ကလေးငယ်များကိုစာပေပညာများကို ဦးစားပေးသင်ကြားပေးနေပြီး ပညာရပ်များမှာ ကျွမ်းကျင်စွာတတ်မြောက်သော ကျောင်းသား၊ ကျောင်းသူများကို အောင်လက်မှတ်များပေးအပ်၍ အလုပ်အကိုင်ရရှိစေရန်အတွက် စီစဉ်ပေးနေကြောင်း သိရသည်။
သင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များ အသေးစိတ်ကိုသိရှိလိုပါက ဖုန်းနံပါတ်(၀၉-၄၂၁၇၁၂၇၂၀)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser