April 30, 2013
အမေရိကန်သံအမ တ်ဒဲရစ်မစ်ချယ်နှင့်၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်ကိုကိုကြီးတို့ ဧပြီလ ၂၇ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့ရှိ ၈၈ ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်နှင့် ၈၈ကျောင်းသား များ တွေ့ဆုံသည်မှာ မကြာခဏဖြစ်ကြောင်း ယခုတစ်ခါ တွေ့ဆုံစဉ် တွင် လက်ရှိနိုင်ငံရေး အကျဉ်းသားများကိစ်္စနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စတို့ ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောကြားသည်။
““ကျွန်တော်တို့ ၈၈အဖွဲ့နဲ့ အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ် နဲ့တွေ့ဆုံတာအခုမှ မဟုတ်ပါဘူး။ မကြာခဏ တွေ့ဆုံပါတယ်။
ကျွန်တော်တို့ရုံး ၈၈ ရုံးမှာလည်း တွေ့ဆုံတတ်သလို သံရုံးက လုပ်တဲ့ပွဲ တွေမှာလည်းတွေ့ဆုံဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ၈၈ရုံးမှာ တွေ့တုန်းပြောခဲ့တာတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရေး ကိစ္စကို ““သူ ကိုယ်တိုင်တက်တက်ကြွကြွ လုပ်နေပါတယ်””လို့ ပြောပါ တယ်။ နောက်ပြီး၂၀၁၅ ရွေးကောက်ပွဲကိစ်္စနဲ့ နိုင်ငံရေး အကျဉ်းသား တွေဆက်လွှတ်ပေးဖို့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်””ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံစဉ်တွင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စသည် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးအပေါ်အရေးကြီးသည့် စံပေတံတစ်ခုဖြစ်ကြောင်း ဒဲရစ်မစ်ချယ်က ပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးအောင်
The Hot News
ကျန်ရှိနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးသည် ကန်- မြန်ကာဆက်ဆံရေးအတွက် စံပေတံဖြစ်
Labels:
ပြည်တွင်းသတင်း