ယနေ့ ဧပြီလ ၂၇ ရက်နေ့ တွင် တိုကျိုမြို့ရှိ အကောက်ဂိတ်တစ်ခု၌ ယာဉ်ငါးစီးဆင့်တိုက်မှုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လိုက် ပါစီးနင်း လာသော ယာဉ်တန်းပါဝင်ခဲ့ကြောင်းသိရသည်။ ယင်းသို့ ပါဝင်သော်လည်း ဝန်ကြီးချုပ်မှာ မည်သည့် ဒဏ်ရာမျှမ ရရှိကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။
ဝန်ကြီးချုပ်၏ ယာဉ်နှင့် အတူလိုက်ပါလာသော ရဲကားတစ်စီးမှ အစောင့် ၂ ဦးမှာ မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ သည် ဟု မြို့တော် ရဲဌာနမှ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက ပြောကြားသည်။ အာဘေး၏ ယာဉ်ရှေ့မှ ရဲကားသည် အကောက်ဂိတ်တွင် ရုတ်တရက် ရပ် လိုက် သဖြင့် နောက်မှလိုက်လာသည့် ဝန်ကြီးချုပ်၏ ယာဉ်တန်းမှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏ ယာဉ်တန်းနောက်မှ ရဲကား နှစ်စီး နှင့် သတင်းထောက်များလိုက်ပါလာသည့် ဆလွန်းကားတစ်စီးမှာလည်း ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ၄င်း အရာ ရှိမှ ပြော ကြားခဲ့သည်။
စစ်အေးခေတ်ကာလအတွင်း မြောက်ကိုရီးယားက ပြန်ပေးဆွဲထားခဲ့သော ဂျပန်နိုင်ငံသားများ ကို ပြန်လည်လွှတ်ပေး ရန် မြောက်ကိုရီးယား ကို တောင်း ဆိုသည့် လူထုအစည်းအဝေးပွဲတစ်ခုသို့တက်ရောက်ရန်အသွားတွင် ယခုကဲ့သော ယာဉ်တန်းဆင့် တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
Yangon Media Group