လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ သပိတ်စခန်းများအား အစိုးရ တာဝန်ရှိသူများမှ
အကြမ်းဖက်နှိမ်နင်းခဲ့မှု ငါးလပြည့်နှင့် လက်ရှိဖမ်းဆီးခံထားရသည့် ရန်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်မှ
ကိုအောင်စိုး အပါအဝင် ဒေသခံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆူးလေဘုရားရှေ့တွင် လူ ၅၀
ခန့်မှ ဆိုင်ဘုတ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။
တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်းတောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ဒေသခံများ
အပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့
သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရအနေဖြင့်
အသိအမှတ် အပြုသဖြင့်သာ ယခုကဲ့သို့ တောင်းဆိုနေ ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်
အကြမ်းဖက်မှုများကို ရပ်တန့်၍ ယခုလက်ရှိအချိန်တွင် ဖမ်းဆီး အရေးယူထားသည့် ပြည်သူများကို လွှတ်ပေးရန်
တောင်းဆို ရခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုက ပြောကြားသည်။
The Myanma Age