http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ

ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။
21.04.2013
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ကားထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ဆေးအရှိန်တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ်ဒဏ်ရာတခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။

ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုတန်ပြန်ရေး အထူးကျွမ်းကျင်သူတယောက်က အသင့်ရှိနေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com