ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်စီ ပါသွားသည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှု
2012-13 ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲရာတွင် စပိန်ထိပ်သီး အင်အားကြီးပြိုင်ဘက်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးရဲလ် မက်ဒရစ် အသင်းတို့သည် သပ်သပ်စီကျခဲ့ကာ ဂျာမန်နာမည်ကြီးအသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ ဒေါ့မန်အသင်းတို့နှင့် ကစားရမည်ဖြစ်ကြောင်းသိရသည်။
ယခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့ စပိန်ထိပ်သီးနှစ်သင်းနှင့် ဂျာမနီနာမည်ကြီး နှစ်သင်းတို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွာတာဖိုင်နယ်အဆင့်တွင် ပီအက်စ်ဂျီကိုခက်ခဲစွာကျော်ဖြတ်ခဲ့ရသည့် ဘာစီလိုနာအသင်းသည် ဗိုလ်စွဲရန်ရေပန်းစားနေသည့် ဘိုင်ယန်မြူးနစ်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ရီးရဲလ်မက်ဒရစ် သည် ဒေါ့မန် အသင်းနှင့် ဆီမီးဖိုင်နယ်တွင်အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဗိုလ်လုပွဲတွင်ဂျာမန်ကလပ် နှစ်သင်းထိပ်တိုက်တွေ့နိုင်သလို ၊ စပိန်ထိပ်သီးနှစ်သင်းလည်း တွေ့ဆုံနိုင်ဖွယ်ရှိနေကာ ပရိတ်သတ်အများစိတ်ဝင်စားလျက်ရှိသည်။ အဆိုပါ ဆီမီးဖိုင်နယ် ပ-အကျော့
ပွဲစဉ်ကို ဧပြီ 23 / 24 ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ဒု-အကျော့အား ဧပြီ 30 နှင့် မေလ 1 ရက်နေ့ တို့တွင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ စပိန်နှစ်သင်းစလုံး ပ-အကျော့အား ဂျာမန်မြေတွင် သွားရောက်ကစားရမည်ဖြစ်သည်။
SkyNet TV Browser