http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်ဝါဝါဝင်းရွှေနှင့် Great Father Land ကုမ္ပဏီ အငြင်းပွား

ရန်ကုန်၊ ဇွန် ၂၃
ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် အထပ်မြင့် တိုက် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာပိုင်ရှင် ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် အဆိုပါ အထပ်မြင့်တိုက် ဆောက်လုပ်ရန် တာဝန်ယူထားသော Great Father Land ကုမ္ပဏီတို့ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားလျက် ရှိကြောင်း နှစ်ဖက်လုံးက အတည်ပြု ပြောကြားသည်။

ဆုထူးပန် ရုပ်ရှင်ရုံ မြေနေရာတွင် ၁၂ ထပ် အမြင့်ရှိသော အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်၍ ပထမထပ်တွင် Shopping Mall ၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံနှင့် တတိယထပ်တွင် စားသောက်ဆိုင်များ၊ ကျန်ကိုးထပ်ကို ဟိုတယ်အဖြစ် ဖွင့်လှစ်ရန် ပါဝင်သော သဘောတူစာချုပ် ချုပ်ဆို ခဲ့ကြောင်း၊ ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် တည်ရှိသော အဆောက်အအုံ ဆောက်လုပ်ရမည့် မြေနေရာသည်
နေရာကောင်း ဖြစ်၍ ၁၂ ထပ်အစား ၂၁ ထပ်တိုက် ဆောက်လုပ်ရန် နှုတ်ဖြင့် သဘောတူခဲ့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

စာချုပ် ချုပ်ဆိုခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘဲ မြေကွက်လပ် အတိုင်းသာ ရှိနေခြင်း၊ ထို့ပြင် ဆောက်လုပ်ရန် တာဝန်ယူထား သူတို့ဘက်က ဆုထူးပန်ရုံ အရှေ့တွင် ညသန်းခေါင် အချိန်တွင် ဒေါ်ဝါဝါဝင်းရွှေ ဓာတ်ပုံကို မီးနှင့်ရှို့ပြီး အမဲသားတုံးပေါ်တွင် ဖယောင်းတိုင် ထွန်းခြင်းတို့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ခြင်း ရှိသည်ဆို၍ ထိုအကြောင်းကို မေးမြန်းကြည့်ရာတွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီကို ယုံကြည်နိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ငန်း ဆက်လက် မလုပ်နိုင်တော့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က“သို့ရာတွင် အဲလို အမဲသားတွေနဲ့ လုပ်တယ် ဆိုတာကို ကျွန်တော်တို့ဘက်က လုံးဝ မလုပ်ပါဘူးလို့ ကုမ္ပဏီကိုယ်စား ပြတ်ပြတ်သားသား ငြင်းပါတယ်” ဟု ဆိုသည်။

ဦးမျိုးမြင့်က မိမိတို့မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရသည့်အတွက် ဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ရရန် လိုအပ်ကြောင်း၊ ယခင် ၁၂ ထပ် အဆောက်အအုံကို ထပ်မံ၍ အချင်းချင်း ရင်းနှီးမှုဖြင့် ကားပါကင် အပါအဝင် ၁၂ ထပ် အစား၂၁ ထပ် အဆောက်အအုံ ဆောက်ရန် နှုတ်ဖြင့် သဘောတူညီ ခဲ့သောကြောင့် လုပ်ငန်း ကြန့်ကြာခြင်း ဖြစ်ကြောင်း လုပ်ငန်း အပ်နှံသူဘက်က ကုန်ကျမည့် ငွေ အပြည့်အဝ မဟုတ်ဘဲ စရန် ကျပ်သိန်း ကိုးထောင်သာ ပေးအပ်ခဲ့ခြင်းကြောင့် မိမိတို့ဘက်က စိုက်ထုတ်ခဲ့ခြင်းများ ရှိကြောင်း၊ စာချုပ်အရ ဆက်လက် မလုပ်ကိုင်နိုင်လျှင် လုပ်ငန်းအပ်နှံသူမှ စရန်ငွေ အရှုံးဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

“အန်တီဝါက ကိုယ်ပိုင်တဲ့ မြေနေရာကို ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်နဲ့ သူတို့ဆီက ပြန်ဝယ်ရမလို ဖြစ်နေတယ်။ ပြီးတော့ ဒီငွေတွေက ကိုယ်တစ်သက်လုံး အနုပညာနဲ့ ရင်းပြီး လုပ်ခဲ့လို့ ရတဲ့ငွေတွေနဲ့ အဆင့်မြင့် ရုပ်ရှင်ရုံလိုမျိုးတွေ ဆောက်ပြီး လုပ်ငန်းလုပ်ချင်လို့ စိုက်ထုတ်ထားခဲ့တဲ့ ငွေတွေပါ။ အန်တီဝါက ဖြစ်နိုင်ရင် တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်ကိုတော့ ပြန်လိုချင်ပါတယ်။ ပြီးတော့ လူနေတိုက်ခန်းတွေရောင်းပြီလို့ ကြော်ငြာတာက သူတို့ အကြံပေးလို့ သူတို့ဘက်က အကုန်လုံး လုပ်ခဲ့တာပါ။ အန်တီဝါက အဲ့ဒါတွေကို ဘာမှ နားမလည်ပါဘူး”ဟု ဒေါ်ဝါဝါဝင်းရွှေက ဆိုသည်။

၎င်းတို့သည် ဆောက်လုပ်မည့် ပုံစံများကို တိုင်းဒေသကြီးမှ သက်ဆိုင်ရာဌာနသို့ ချပြမည့် ဆဲဆဲတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုပ်ငန်း အပ်နှံသူက လူနေ တိုက်ခန်းများ ရောင်းချမည်ဟု ကြော်ငြာ ခဲ့သောကြောင့် အခက် ကြုံတွေ့ခဲ့ရကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အဆောက်အအုံ ဆောက်လုပ်လျှင် မြေပိုင်ရှင် အမည်ပေါက် မှန်ကန်ရေး ဌာနဆိုင်ရာတွင် လျှောက်ထား ခြင်းစသည်တို့ကို အဆင့်ဆင့် ပြုလုပ်ခြင်းများ ရှိကြောင်း၊ ထို့ပြင် မိမိတို့ ကုမ္ပဏီသည် အစ္စလာမ် ဘာသာဝင် အုပ်ချုပ်သော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်း Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြားသည်။
“သူတို့ဘက်က တရားစွဲမယ် ဆိုရင်လည်း ကြိုက်သလို လုပ်ပါ။ ကျွန်တော်တို့ ဘက်ကလည်း အလုပ်တစ်ခုကို လုပ်ရင် သေချာ plan ဆွဲပြီးမှ လုပ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com