http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို

Tuesday, June 18, 2013
ဇွန်လ ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသော The Daily Eleven နေ့စဉ် သတင်းစာတွင် ပါရှိသည့် သတင်းတစ်ပုဒ်သည် မှားယွင်းသော ထုတ်ပြန်ချက်သာဖြစ်ကြောင်း ရေးသားမှုအပေါ် နိုင်ငံပိုင် သတင်းစာများအနေဖြင့် ပြန်လည် ဖြေရှင်းမှုပြုလုပ်ရန် ယနေ့ထုတ် The Daily Eleven နေ့စဉ် သတင်းစာ တွင် တောင်းဆိုချက်ထည့်သွားမည်ဟု ယင်းသတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက မဇ္ဈိမကိုပြောသည်။

နိုင်ငံပိုင်သတင်းစာက မှားယွင်းထုတ် ပြန်ချက်ဖြစ်ကြောင်းစွပ်စွဲလိုက်သော သတင်းသည် ဇွန်လ ၁၃ ရက်က The Daily Eleven နေ့စဉ်သတင်းစာကရေးသားသည့် ''၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီ စဉ်နေပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အများစု ကန့်ကွက်မည်'' ဆိုသည့် သတင်းဖြစ်သည်။

ထိုသို့ မှားယွင်းဖော်ပြမှုသည် ပြည်သူလူထုက အစိုးရအား အထင်အမြင်လွဲမှားပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သဖြင့် အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း ဇွန်လ ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

အယ်ဒီတာချုပ် ကိုဝေဖြိုးက ''ဒီဟာက သတင်းရေးတဲ့ပုံစံနဲ့လည်း တူညီခြင်းမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ ကို မှားယ်သာပြောတယ်။ သတင်းထဲမှာ ဘယ်အချက်တွေ မှားတယ်ဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ရေးသားထားတာက မှားယွင်းတယ်ဆိုရင် အချက်အလက်အမှန်က ဘယ်ဟာဆိုတာလည်း ဖော်ပြထားတာမရှိပါဘူး'' ဟု ယင်းဖော်ပြချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုသည်။

The Daily Eleven အနေဖြင့် ထိုသတင်းအား ရေးသားရာတွင် လွှတ်တော်၌ အောက်လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ချက်ကို ထည့်သွင်းရေးသားထားခြင်းဖြစ်ပြီး အထောက်အ ထားခိုင်လုံကြောင်းလည်း ၎င်းကပြောသည်။

ထိုသတင်းအား ဇွန်လ ၁၈ ရက်က နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြရာတွင် မည်သည့်အချက်များသည် မှားယွင်းကြောင်း ဖော်ပြပါရှိခြင်းမရှိဘဲ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက အထက်လွှတ်တော်၌ မြန်မာနိုင်ငံသား ဥပဒေပြင်ဆင်ရေးသားခြင်းနှင့် ပတ်သက်၍ အထက်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုအပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က ပြန်လည်ရှင်းလင်းမှု အပြည့်အစုံ ကိုသာ ထည့်သွင်းဖော်ပြထားသည်။

ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုချက်အား ဖြေရှင်းပေးမှုမရှိပါက တရားစွဲဆို မှုပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မည်သည့်အချိန်ကာလတွင် ဖြေရှင်းမှုမလုပ်ပေးပါက တရားစွဲဆိုမည်ကိုမူ မဆုံးဖြတ်ရသေးကြောင်းကို ''အတိအကျကြီး မဟုတ်ပါဘူး။ တစ်ဖက်က ကျွန်တော်တို့ကိုပြန်ပြီး ဘယ်လိုပြန်ပြီး ဖြေရှင်းပေးမလဲဆိုတာ မသိသေးဘူး။ အဲဒါနဲ့ပတ်သက်လို့လဲ ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်သွားမှာပါ'' ဟု ၎င်းက ဆက်လက်ပြောသည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com