http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေးရုံပို့


ရန်ကုန်၊ ဇွန် ၁၆
၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် စောင်းတန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊ (ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက်
နေသူနှင့် ၎င်း၏ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း
အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဓါတ်ပုံအရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။

မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော
(၃)နှစ်ခန့်မှစ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊ မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန်တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့တွင် မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်းထက်သော်
(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့်အတူ ရွှေမန္တလာယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ဒေါ်မိမိချိုနှင့် ပြသရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဖူးမြော်ရန်အတွက် စေတီတော်အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ရန်ကုန်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့ သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံစစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com