http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထားဝယ်မြစ်ကြောင်းတစ်လျှောက် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိ

Wednesday, June 5th, 2013
တနသာင်္ရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့ကို ဖြတ်သန်းစီးဆင်းနေသော ထားဝယ် မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းပါးနေရာ အချို့တွင် ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။


ထားဝယ်မြစ်ကမ်းအနီး ရေတိုက်စားမှုကြောင့် မြေထိန်းနံရံအချို့ ပြိုကျနေမှုအား တွေ့ရစဉ်

”ကမ်းပါးပြိုတာကတော့ နှစ်တိုင်းနီးပါးပါ။ အများကြီးပြိုတာမျိုး မဟုတ်ဘဲ နည်းနည်းချင်းစီ ပြိုကျလာတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မြို့တွင်းဆိပ်ကမ်းတွေကို သင်္ဘောတွေ အဝင်အထွက်များလာလို့ လှိုင်းပုတ်တာနဲ့ ရေတိုးတာတွေကြောင့် ကမ်းပါးပြိုကျတာ များလာပါတယ်။ နောက်ပြီး ရေလမ်းကြောင်းတွေ ပြောင်းလာတာကြောင့် ရေစီးသန်တဲ့ မိုးတွင်းချိန်ဆိုရင် ကမ်းပါးပြိုတာ အဖြစ်များလာပါတယ်။ အခုပြိုကျသွားတဲ့ ရေထိန်းနံရံဆိုရင် လုပ်ထားတာ နှစ်နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။ လမ်းနဲ့လည်း နီးနေတော့ ကြာရင် လမ်းပါပြိုကျ လာနိုင်ပါတယ်။ ဆိပ်ကမ်းတာဝန်ရှိသူတွေကတော့ ဓာတ်ပုံတွေ လာရိုက်ပြီး မှတ်တမ်းယူနေတာ တွေ့ရပါတယ်။ လာပြီးပြုပြင်တာ မရှိသေးပါဘူး။ အခုမိုးတွင်းပိုင်းသာ မပြင်နိုင်ရင်တော့ ရေတိုးတဲ့ဒဏ်နဲ့ လမ်းသားတွေပါ ထိလာနိုင်ပါတယ်” ဟု အဆိုပါ မြစ်ကမ်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထားဝယ်မြစ်အတွင်းတွင် သဲတူးဖော်ရေး လုပ်ငန်းများ၏ စည်းကမ်းမဲ့ တူးဖော်နေမှုများကြောင့် ရေစီးကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး လယ်မြေများ ရေတိုက်စားမှုဒဏ် ခံစားနေရကြောင်း သိရှိရသည်။ ထားဝယ်မြစ်ကြောင်း တစ်လျှောက်တွင် ကမ်းပါးပြိုကျမှု အန္တရာယ်အခြေအနေ ဆိုးရွားနေသည့် နေရာများကို မြေထိမ်းနံရံများ တည်ဆောက်၍ ထိန်းသိမ်းမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ထို့အပြင် မြစ်ကြောင်းပြောင်းလဲမှုကို အဓိကဖြစ်စေသည့် မြစ်အတွင်း စည်းကမ်းမဲ့ သောင်တူဖော်မှုများကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး မြစ်ကြောင်း တစ်လျှောက်တွင် မြေထိန်းနံရံများ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com