၂၇.၅.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ရန်ကုန်-ပြည်ရထား၊ တွဲ-ဂျီ၊ ခုံအမှတ် ၅၃ တွင်စီးနင်းလိုက်ပါလာသော သီလရှင်ဒေါ်ခေမာသီ ၊ ၅၀နှစ်၊ သိ ပြော ကျင့် ကျောင်းတိုက်၊ ခေတ္တရာမြို့သစ်၊ ပြည်မြို့နယ်နေသူအား ရေကျော်ဘူတာအနီးတွင် ရထားလမ်းအရှေ့ဖက်ခြမ်းမျှအသက် ၁၀နှစ်ခန့်ရှိကလေးငယ်တစ်ဦးသည် လေးဂွနှင့်ပစ်ခဲ့ရာ သီလရှင်ဒ်ါခေမာသီတွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်အား ရထားရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များမှစုံစမ်း ရှာဖွေခဲ့ရာ လေးခွနှင့်ပစ်သူမှာ အောင်ရဲထွဋ်၊ ၉နှစ်၊ ရေကျော်ရွာသစ်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် တိုက်ကြီးမြို့မရဲစခန်းတွင်(ပ)၁၅၀/၂၀၁၃ မီးရထားအက်ပုဒ်မ ၁၂၇ အရ အရေးယူထားရှိခဲ့ပါသည်။
ဖြစ်စဉ်မှကလေးတရားခံ မောင်အောင်ရဲထွဋ် အားကလေးသူငယ်တရားရုံးတွင် တရားစွဲဆိုအရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police